တောင်ကြီးမြို့ မြစိမ်းတောင်အတက်လမ်းတွင် တောမီး လောင်မှုဖြစ်ပွားပြီး နာရီအတော်ကြာကြာ ငြှိမ်းသတ်ခဲ့ရ

0
121

ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့အရှေ့ဘက်ခြမ်း၊ သစ်တောရပ်ကွက်ရှိ မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်းနှင့် နဂါးကန်ဘုန်တော်ကြီးကျောင်းကြားတွင် အချိန်ကြာ မြင့်စွာ တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီလ (၂၁)ရက် မွန်းတည့်ပိုင်းက စတင်ကာ တောမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည (၁၂) နာရီကျော်အထိ ငြှိမ်းသတ်ခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

” မြစိမ်းတောင် အတက်လမ်းမှာပေါ့နော်။ တောင်ကြီးမြို့အ ရှေ့ဘက်ခြမ်းတောင်တန်းမှာပေါ့။ ‌မွန်းလွန် (၃)နာရီ ဝန်းကျ င်က စလောင်တာ ။ ည (၁၂) နာရီခွဲ လောက်မှ ငြိမ်းတယ်” ဟု တောင်ကြီးမြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါ မီးလောင်ကျွမ်းမှုကို ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရ န်မီးသတ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည (၁၂) နာ ရီ မိနစ်(၂၀) တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူများမှလည်း ဝိုင်းဝန်းကူညီငြိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here