ဂျပန်ရေတပ် ရဟတ်ယာဉ်နှစ်စင်း ပစိဖိတ်သမုဒ္ဒရာတွင် ပျက်ကျပြီး၊ ၁ ဦး သေဆုံးကာ ၇ ဦး ပျောက်ဆုံး

0
116

ရေတပ်သားရှစ်ဦးကို တင်ဆောင်လာသော ဂျပန်ရေတပ် ရဟတ်ယာဉ်နှစ်စင်းသည် တိုကျိုမြို့တောင်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်း ညအချိန်လေ့ကျင့်မှုတွင် ပျက်ကျခဲ့ပြီး တစ်ဦးသေဆုံးကာ ခုနစ်ဦး ပျောက်ဆုံးနေသဖြင့် တနင်္ဂနွေနေ့က ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်မှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ SH-60Kအမျိုးအစား ကင်းထောက် ရဟတ်ယာဉ်နှစ်စင်းသည် တစ်စင်းလျှင် အမှုထမ်းလေးဦးစီ တင်ဆောင်ကာ ပျံသန်းနေစဉ် စနေနေ့နှောင်းပိုင်းက တိုကျိုမြို့တောင်ဘက် ကီလိုမီတာ ၆၀၀ (၃၇၀) အကွာ တိုရီရှီးမား

ကျွန်းအနီးတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး မိနောရုခိဟရက သတင်းထောက်များအား ပြောကြားခဲ့သည်။

ပျက်ကျရသည့် အကြောင်းရင်းကို ချက်ခြင်းမသိရသေးသော်လည်း တာဝန်ရှိသူများက ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် “တိုက်မိဖွယ်” ရှိသည်ဟု တာဝန်ရှိသူများက ယုံကြည်ထားကြောင်း ခိဟရက ပြောကြားခဲ့သည်။

ဂျပန်ရေတပ်သည် ပျောက်ဆုံးနေသော သင်္ဘောသားများကို ရှာဖွေရန်အတွက် စစ်သင်္ဘောရှစ်စင်းနှင့် လေယာဉ်ငါးစင်းတို့ကို အခင်းဖြစ်ပင်လယ်ပြင်တွင်  ဖြန့်ကျက်ချထားခဲ့သည်။ သင်္ဘောသားတစ်ဦးကို ပြန်လည်တွေ့ရှိခဲ့သော် နောက်ပိုင်းတွင် သေဆုံးသွားကြောင်း ကြေညာခဲ့သည်။ ပျောက်ဆုံးနေသူ ခုနစ်ဦးကိုမူ ယခုအချိန်အထိ မတွေ့ရှိသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here