သောက်သုံးရေလိုအပ်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တ ပ်ဖွဲ့ဝင်များ ရေလှူဒါန်းခဲ့

0
190

နွေရာသီကာလ သောက်သုံးရေလိုအပ်သည့် ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ရန်ကုန်တိုင်းဒေ သကြီး မီးသတ်ဦးစီးဌာန စီစဉ်ညွှန်ကြားချက်အရ ခရိုင်၊ မြို့နယ်အသီးသီး ရှိ မီးသတ်တပ်ဖွဲ့ဝင်များက ဧပြီ တတိယပတ်အတွင်း သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အ မှတ် (၄၈) ရပ်ကွက်၊ ဓမ္မသစ္စာဘုန်းတော်ကြီးကျောင်းသို့ ရေ ဂါလန် ၃၂၀၀၊ ဒေါပုံမြို့နယ်၊ ယမုံနာ (၁) ရပ်ကွက်၊ အသောက ရာမ ဘုန်းကြီးကျောင်းသို့ ရေဂါလန် ၁၆၀၀ နှင့် ယမုံနာ (၂) ရပ်ကွက်၊ ရွှေညောင်ပင်ကျောင်း တိုက်သို့ ရေဂါလန် ၃၂ ၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်ရှိ မဟာစည်မြဝတီ သာသနာ့ရိပ်သာသို့ ရေဂါလန် ၁၆၀၀၊ စံပြရပ် ကွက်၊ စံပြ (၅) လမ်းရှိ မဟာသဒ္ဓမ္မသိပ္ပံသီလရှင် စာသင်တို က်သို့ ရေဂါလန် ၁၆၀၀၊ စံပြရပ်ကွက်၊ စံပြ (၅) လမ်းရှိ ရန်မျိုးအောင် ဘုရားကြီး ပရိယတ္တိစာသင်တိုက်သို့ ရေဂါလန် ၁၆၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

အလားတူ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၈၈) ရပ်ကွက်၊ သုခိတာလမ်းရှိ ကေသရာရာမ ဘုန်းတော်ကြီးကျောင်းတွင်ရေ ဂါလန် ၃၂၀၀၊ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်၊ အမှတ် (၁၂၁) ရပ်ကွက် ဝိစိတ္တာရာမ ကံပေါ် ဘုန်းကြီးကျောင်းသို့ ရေဂါလန် ၁၆၀၀၊ အမှတ် (၁၅၅) ရပ်ကွက်နေ ပြည်သူများနှင့် အောင်မင်္ဂလာလမ်းနှင့် အာသာဝတီလမ်းရှိ နေအိမ် ၂၀၀ ခန့်မှ ပြည်သူများအတွက် ရေဂါလန် ၆၄၀၀၊ ကော့မှူးမြို့န ယ် မန်ကျီးကန်ကျေးရွာ၊ အောင်မြေချမ်းသာ ကျောင်းတိုက်သို့ ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသ ည်။

ထို့ပြင် သောက်သုံးရေနှင့် သုံးရေ လိုအပ်ချက်ရှိသည့် ရပ် ကွက်/ကျေးရွာများရှိ ဘုန်း တော်ကြီးကျောင်းများ၊ သီလ ရှင် ကျောင်းများနှင့် ရပ်ကွက်နေပြည်သူများထံသို့ ဆက်လ က်လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here