ယခုတစ်ပတ်အတွက် စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိ ဿာ ၅၃၄၀ ကျပ်သတ်မှတ်

0
219

ယခုတစ်ပါတ်အတွက် သတ်မှတ်ထုတ်ပြန်ထားသည့် စားအုန်းဆီရည်ညွှန်းဈေးသည် တစ်ပိဿာ ၅၃၄၀ ကျပ်သတ် မှတ်ထားပြီး ယင်းရည်ညွှန်းဈေးသည် ယခင်တစ်ပါတ်ထက် ၁၂၅ ကျပ်ကျဆင်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေး ကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၂) ရက်မှ ဧပြီလ (၂၈)ရက်အထိ ရန်ကုန်အထိုင်ဈေးအ ခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိ ဿာ လျှင် ၅,၃၄၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထာ းသည်။

ပြည်တွင်း၌ စားအုန်းဆီလိုအပ်ချက်မှာ နှစ်စဉ် (၁) သန်းခန့်ရှိပြီး တန်ချိန် (၆) သိန်းမှ (၇) သိန်း ကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်စဉ်တင်သွင်းနေရပြီး စားအုန်း ဆီအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၀ ခန့် သုံးစွဲနေရကြောင်း သိရသည်။

စားအုန်းဆီနှင့် ပတ်သက်၍ ပြည်တွင်းဈေးကွက်တွင် ဈေး နှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြု လုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here