ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ယာ (၁၃) လွှာ၌ မီးလောင်မှုဖြစ်ပွား

0
155

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၀) ရပ်ကွက်၊ ရတနာလမ်းပေါ်ရှိ ရတနာနှင်းဆီအိမ်ယာ (၁၃) လွှာ၌ မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဧပြီ (၂၂)ရက် နံနက် (၁၁)နာရီ (၃၇)မိနစ်အချိန်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ရတနာနှင်းဆီ အိမ်ရာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အရှေ့ပိုင်းခရိုင်မီး သတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် မီး သတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးနှင့် သာကေတမြို့နယ်မီး သတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“အထပ်ကမြင့်တော့ မီးသတ်တပ်ဖွဲ့က လှေကားအမြင့် ကားတွေနဲ့ လာပြီး ငြှိမ်းသတ်ရတာ တွေ့ရတယ်”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၁၁)နာရီ (၅၇)မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၂)နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြော င်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ တာဝန်ရှိသူများက ဆုံးရှုးမှု တန်ဖိုး အသေးစိတ် အချက်လက်များကို ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here