၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပျားရည်မက် ထရစ်တန်ချိန် (၂,၂၀၀)ကျော် တင်ပို့နိုင်ခဲ့

0
120

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပျားရည် မက်ထရစ်တန် (၂၂၀၀)ကျော် တင်ပို့နိုင်ခဲ့ကြောင်း မွေး မြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူးမှုဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်)မှ သိရသည်။

ယင်းသို့ တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ မက်ထရစ်တန်ချိန် (၁၅၀၀) ကျော်ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ပြီး တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် ပျားရည်တန်ချိန် (၂၀၀) ခန့် တင်ပို့နေရကြောင်း သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ ဆီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည် တန်ချိန် (၃၀၀) ခန့်ထွက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ ဆီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်နှင့် ပန်းပေါင်းစုံပျားရည်သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မကွေးတိုင်းဒေသကြီးမှ အဓိကထွက်ရှိပြီး ပြည်တွင်းစားသုံးမှုမှာ နှစ်စဉ် တန်ချိန် (၁၀၀) ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သော ပျားမွေးမြူမှု အဓိ ကဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပျားမွေးမြူရေး စခန်းခြောက်ခုနှင့် ပုဂ္ဂလိက ပျားမွေးမြူသူ (၇၈) ဦးရှိပြီး ပျားအုံပေါင်း (၁၃၀၀၀) ကျော်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်နှင့် ဆီးပျားရည်သည် ၆၀ ရာခိုင်နှုန်း၊ ပန်းပေါင်းစုံပျားရည်သည် ၁၀ ရာခိုင် နှုန်းထွက်ရှိပြီး ပြည်ပတင်ပို့မှုတွင် နေကြာပျားရည်သည် ဈေးနှုန်းအများဆုံးရရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here