ယခုနှစ်အတွက် ရန်ကုန်မြို့တွင်း အခွန်စည်းကြပ်ရန် သတ် မှတ်မြေဈေးနှုန်းများ သတ်မှတ်

0
485

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အခွန်စည်းကြပ်ရန် သတ်မှတ်မြေဈေးနှုန်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းမကြီးများတွင် တစ်စတုရန်းပေအတွက် ကျပ် ၃၄၀,၀၀၀ ဖြင့်အများဆုံး သတ်မှ တ်ထားပြီး အခြားလမ်းမကြီးတွင် ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၂၉၀,၀၀၀ အထိ သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် ကျောက်တံတားမြို့နယ်အတွင်းရှိ နံပါတ်တပ်လမ်း များအတွက် အများဆုံး ကျပ် ၂၁၀,၀၀၀ နှင့် အခြားနံပါတ်တပ်လမ်းများအတွက် ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၁၇၀,၀၀၀ အထိ သတ်မှတ်ထားသည်။

ကမာရွတ်မြို့နယ်းအတွင်းရှိ ပြည်လမ်းမတွင် တစ်စတုရန်းပေအတွက် ကျပ် ၆၀၀,၀၀၀ ဖြင့်အများဆုံး သတ်မှတ်ထားပြီး ပြည်လမ်းလမ်းသွယ်တွင် ကျပ် ၂၅၀,၀၀၀၊ အခြားလမ်း မကြီးများတွင် ကျပ် ၂၀၀,၀၀၀ မှ ကျပ် ၄၀၀,၀၀၀ အထိ သ တ်မှတ်ထားကာ ရပ်ကွက်အတွင်းလမ်းများတွင် ကျပ် ၆၀,၀ ၀၀ မှ ကျပ် ၁၂၀,၀၀၀ အထိ ဒဂုံမြို့နယ်အတွင်း၌ တစ်စတု ရန်းပေအတွက် ပြည်လမ်းမတွင် ကျပ် ၅၀၀,၀၀၀၊ ကျန်လမ်းမကြီးများတွင် ကျပ် ၃၄၀,၀၀၀ နှင့် အတွင်းလမ်းတွင် အများဆုံး ကျပ် ၁၇၀,၀၀၀ သတ်မှတ်ထားသည်။

အလားတူ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်လမ်းမတွင် တ စ်စတုရန်းပေအတွက် ကျပ် ၄၈၀,၀၀၀ နှင့် ရပ်ကွက်အတွင်း လမ်းတွင် ကျပ် ၄၀,၀၀၀ မှ ကျပ် ၂၂၀,၀၀၀ အထိ အများဆုံး သတ်မှတ်ထားခြင်းဖြစ်သည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်လမ်းမတွင် တစ်စတုရန်းပေအတွက် ကျပ် ၅၂၀,၀၀၀၊ အတွင်းလမ်းများတွင် အများဆုံး ကျပ် ၂၅၀,၀၀၀ နှင့် ရပ်ကွက်အတွင်းလမ်းတွင် လမ်းမကြီးနှင့် လမ်းသွယ်ကွာခြားမှုအပေါ်မူတည်၍ ကျပ် ၅၅,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ ၊လှိုင်မြို့နယ် ပြည်လမ်းမတွင် တစ်စတုရ န်းပေအတွက် ကျပ် ၅၅၀,၀၀၀၊ ပြည်လမ်းမလမ်းသွယ်တွင် ကျပ် ၂၅၀,၀၀၀ ၊ အခြားလမ်းမကြီးများတွင် ကျပ် ၉၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ နှင့် ရပ်ကွက်အတွင်းလမ်းများတွင် ကျပ် ၆၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကျပ်၊ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်လမ်းမတွင် တစ်စတုရန်းပေ ကျပ် ၃၄၀,၀၀၀၊ အခြားလမ်းမကြီးများတွင် ကျပ် ၂၀၀,၀၀၀ မှ ကျပ် ၂၃၀,၀၀၀ အထိနှင့် ရပ်ကွက်လမ်းများတွင် ကျပ် ၅၅,၀၀၀ မှ ကျပ် ၁၈၀,၀၀၀ အထိ သတ်မှတ်ထားကြောင်း သိရသည်။

ဗဟန်းမြို့နယ်အတွင်းရှိ ကမ္ဘာအေးဘုရားမကြီးတွင် တစ်စတုရန်းပေ ကျပ် ၄၈၀,၀၀၀ ၊ ကျန်လမ်းမကြီးများတွင် ကျပ် ၂၂၀,၀၀၀ မှ ကျပ် ၃၅၀,၀၀၀ အထိ၊ နံပါတ်တပ်လမ်းနှင့် လမ်းသွယ်များတွင် ကျပ် ၁၃၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀ အထိ သတ်မှတ်ထားပြီး ရန်ကင်းမြို့နယ်အတွင်း၌ ကမ္ဘာအေးဘုရားလမ်းမကြီးတွင် တစ်စတုရန်းပေ ကျပ် ၅၅၀,၀၀၀ ကျပ်၊ အတွင်းလမ်းများတွင် ကျပ် ၂၅၀,၀၀၀၊ အခြားလမ်းမကြီးများတွင် ကျပ် ၂၂၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ အထိနှင့် ရပ်ကွက်အတွင်းလမ်းများတွင် ကျပ် ၈၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ အထိ သတ်မှတ်ထားသည်။

ထို့ပြင် အလုံမြို့နယ်အတွင်းရှိ လမ်းမကြီးများအတွက် ကျ ပ် ၂၅၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ အထိ၊ ရပ်ကွက်လမ်းများတွင် ကျပ် ၇၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ အထိ နှင့် တာမွေမြို့နယ်အတွင်းရှိ လမ်းမကြီးများအတွ က် အများဆုံး ကျပ် ၂၀၀,၀၀၀ မှ ၃၂၀,၀၀၀ အထိ၊ ရပ်ကွက်အတွင်းလမ်းများတွင် ကျပ် ၇၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ သတ်မှတ်ထားသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ လမ်းမကြီးများအတွ က် တစ်စတုရန်းပေ ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၃၂၀,၀၀၀ နှင့် နံပါတ်တပ်လမ်းများအတွက် ကျပ် ၇၀,၀၀၀ မှ ကျပ် ၁၂၀,၀ ၀၀ အထိ သတ်မှတ်ထားသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဝေဇယန္တာလမ်းမကြီးတွင် တစ်စတုရန်းပေ ကျပ် ၃၄၀,၀၀၀ ၊ ကျန်လမ်းမကြီးများတွင် ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၂၂၀,၀၀၀ အထိ နှင့် ရပ်ကွက်လမ်းများတွင် ကျပ် ၇၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ သတ်မှတ်ထားပြီး ကြည့်မြင်တိုင်မြို့နယ်အတွင်း လမ်းကြီးများအတွက် တစ်စတုရန်းပေ ကျပ် ၂၀၀,၀၀၀ မှ ကျပ် ၃၀၀ ,၀၀၀ နှင့် ရပ်ကွက်လမ်းများတွင် ကျပ် ၅၅,၀၀၀ မှ ကျပ် ၇၅,၀၀၀ သတ်မှတ်ထားသည်။

အခြားမြို့နယ်များအတွင်း တစ်စတုရန်းပေအတွက် သတ် မှတ်မြေဈေးနှုန်းများသည် မြောက်ဥက္ကလာပမြို့နယ်တွင် အနည်းဆုံး ကျပ် ၂၅,၀၀၀ မှ အများဆုံး ကျပ် ၁၅၀,၀၀၀ သတ်မှတ်ထားပြီး သာကေတမြို့နယ်တွင် အနည်းဆုံး ကျပ် ၂၁,၀၀၀ မှ အများဆုံး ကျပ် ၈၅,၀၀၀ သတ်မှတ်ထားကာ ဒေါပုံမြို့နယ်တွင်လည်း အနည်းဆုံး ကျပ် ၂၁,၀၀၀ မှ အ များဆုံး ကျပ် ၈၅,၀၀၀ သတ်မှတ်ထားကြောင်း သတ်မှတ်ထားသည့် အခွန်စည်းကြပ်ရန် သတ်မှတ်မြေဈေးနှုန်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here