မြစ်ကြီးနားတွင် ရေကြီးရေလျှံမှုမှ ကြိုတင်ကာကွယ်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်မှ ကွင်းဆင်းစစ်ဆေး

0
99

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များ ရေကြီးရေလျှံမှုမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် လမ်းလယ်ကျွန်းများ စနစ်တကျ ပြုပြင်တည်ဆောက်နိုင်ရေး ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မြစ်ကြီးနားမြို့ ပေါ်ရပ်ကွက်အချို့တွင် နှစ်စဉ်မိုးရာသီ၌ ရေ ကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိရာ ပြည်နယ် အစိုးရအဖွဲ့အ နေဖြင့် ဘဏ္ဍာနှစ်အလိုက် ရေနုတ်မြောင်းများ ပြုပြင်/ တိုးချဲ့‌ဆောင်ရွက်ပေးခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။ 

လာမည့် မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွ က် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူ များနှင့်အတူ မြိုပေါ်ရပ်ကွက်များသို့ ဧပြီ (၂၁) ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင် သာယာရေးအဖွဲ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ မြစ်ကြီးနားမြိုနယ်စုပေါင်းရုံးနှင့် ပြည်နယ်တရားလွှတ်တော် ရုံးရှေ့တို့ရှိ အောင်ဆန်းလမ်းအား လမ်းဧရိယာ တိုးချဲ့၍ ဘေးဝဲ/ယာ ရေနုတ်မြောင်းများ စနစ်တကျတူးဖော်ဆောင် ရွက်သွားနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုလမ်းမကြီးနှင့် အနော်ရထာလမ်းဆုံနေရာတွင် လမ်းလယ်ကျွန်းများအား တိုးချဲ့ ဆောင်ရွက်၍ ပန်းမြို့တော်စီမံကိန်းဖြင့် အလှပန်းပင်များ ပိုမိုစိုက်ပျိုးနိုင်ရေး၊ လမ်းဆုံနေရာများတွင် လမ်းလယ်ကျွန်းများအား ပြု ပြင် နိုင်ရန် မြေပြင် အခြေအနေကို စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေးရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့အပြင် မြိုသစ်ကြီးရပ်ကွက်အတွင်း ဈေးကြီးလမ်းတလျောက် လမ်းဘေးဝဲ/ယာရှိ ရေနုတ်မြောင်းများ ရေစီး ရေလာကောင်းမွန်ရေး စည်ပင်သာယာရေးအဖွဲဝန်ထမ်းများ၏ ရေနုတ်မြောင်း ရှင်းလင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

မြိုသစ်ကြီးရပ်ကွက် ပြည်ထောင်စုလမ်းမကြီးနှင့် မဟာဗန္တုလလမ်းဆုံနေရာတွင် လည်းကောင်း၊ Northen Star ဂေါက်ကွင်းသွားလမ်းမှလည်းကောင်း မြိုသစ်ကြီးမြောင်းမကြီးအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ မြောင်းမကြီး ရှင်းလ င်းရေးလုပ်ငန်းများကို မိုးမကျမီ ဆောလျင်စွာ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေးနှင့် မြောင်းမကြီးတလျှောက် လူနေအိမ်ခြံဝင်းများ ကျူးကျော် ဆောက်လုပ်မှုမရှိစေရေးနှင့် ဖယ်ရှားရှင်းလင်းနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိင်းဆောင် ရွက်ပေး ခဲ့ကြောင်း သိရသည်။

ထိုမှတဆင့် ကြက်ပေါခြံရပ်ကွက်ကို ဖြတ်သန်းစီးဆင်းသ ည့် အမှတ် (၄) ပင်မရေနုတ်မြောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြောင်းရှင်းလင်းရေးလုပ်ငန်းများ ရေကြည်ချောင်းနှင့် ဆုံသည့်နေရာအထိ ဧရာဝတီမြစ်အတွ င်းသို့ ကောင်းမွန်စွာ စီးဝင်နိုင်ရေး အမြန်ဆုံး ရှင်းလင်းဆော င်ရွက်သွားရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here