ကလေးတွေအတွက် လုံခြုံမှုမရှိတော့သလို ခံစားရတယ် ချစ်စနိုးဦး

0
178

chitsn

လတ်တလောမှာ ကြားနေရတဲ့ သတင်းတွေအရ အရွယ်မရောက် သေးတဲ့ ကလေးသူငယ်တွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စတွေ တော် တော်များများ တွေ့နေရပါတယ်။ ဒီလိုကိစ္စမျိုးဟာ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ တအားကိုအကျည်းတန်တဲ့ကိစ္စရပ်တွေဖြစ်ပြီး ဒီအပေါ်မှာ ပြည်သူများကလည်း ကာကွယ်တားဆီးရေးကိစ္စတွေကို သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ရာနေရာက ဝိုင်းဝန်းပညာပေး ကာကွယ်စောင့် ရှောက်နေကြပါ တယ်။ သရုပ်ဆောင်အဆိုတော်တစ်ဦးဖြစ်တဲ့ ချစ်စနိုး ဦးကလည်း အနုပညာ ရှင်တစ်ဦးအနေနဲ့ ကာကွယ်စောင့်ရှောက်တဲ့ အပိုင်းက နေတတ်နိုင်တဲ့နေရာ က ပါဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်။ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ ဒါမျိုးတွေဖြစ်တာမကောင်းပါဘူးဆိုတဲ့ ချစ်စနိုးဦးက…

” ကြားရတာကလည်း လုံးဝကို စိတ်မကောင်းပါဘူး။ အခုဆိုရင် ဖေ့စ်ဘုတ် ကြည့်ရင် ဒါတွေပဲတွေ့နေရတော့ လုံးဝကိုစိတ်မကောင်းဘူး။ ဒါက မဖြစ် သင့်တဲ့ကိစ္စပါ။ အဲဒါကြောင့် ဒါကို ထိထိရောက်ရောက်လေး နမူနာအနေနဲ့ တစ်ယောက်၊ နှစ်ယောက်လောက်ကို အရေးယူလိုက်မယ်ဆိုရင် ဒီကိစ္စတွေ နည်းနည်းငြိမ်သွားမယ်ထင်တယ်။ ဒီလိုကိစ္စမျိုးတွေလုပ်ရင် ဒီလိုပြစ်ဒဏ် ပေးပါလားဆိုတဲ့ အသိသူတို့စိတ်ထဲရှိသွားအောင်၊ နောက်ထပ်မကျူး လွန်ရဲအောင် လုပ်စေချင်ပါတယ်။ လုပ်လည်းဘာမှထူးတာ မဟုတ်ဘူး၊ ထောင်ကျရုံလောက်နဲ့ ပြီးသွားတာပဲဆိုတာလောက်တော့ မဖြစ်စေချင်ဘူး။ အဲဒီလိုဆိုရင် ကျူးလွန်လိုက်၊ ထောင်ထဲမှာထိုင်နေလိုက်၊ ပြန်ထွက်လာလိုက်ပဲ ဖြစ်နေ မှာပါ။ အဲဒါကြောင့် အားလုံးဝိုင်းပြီး စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်ပြီး နိုင်ငံတော်အစိုးရကလည်း ဒါကို စဉ်းစားပေးပြီးတစ်ခုခုတော့ လုပ်ပေး စေချင် တယ်။ အဲဒါမှသာ နောက်အနာဂတ် ကလေးတွေအတွက် အခွင့်အရေး ကောင်းတွေ ရှိလာမှာပါ။ သူတို့အတွက် လုံခြုံမှုရှိသွားမှာပါ” လို့ ပြောပါတယ်။ ဒီလို သက်ငယ်မုဒိမ်းမှုတွေ ဆက်လက်ဖြစ်ပွားမှုမရှိအောင် မိဘတွေကိုယ်တိုင် ကလေးတွေကို အနီးကပ်ပြုစုစောင့်ရှောက်သင့်ကြောင်းကို ချစ်စနိုးဦးက..

” ကိုယ်တွေဆို အမှန်အတိုင်းပြောရရင် သားသမီးသာ မရှိတာ။ တူတွေ၊ တူမတွေ၊ ညီမတွေရှိနေတော့ ဒါမျိုးတွေအတွက် လုံးဝကိုစိတ်မချဘူး။ ကလေး တွေအတွက် လုံခြုံမှုမရှိတော့သလိုပဲ ခံစားရတယ်။ ဒါမျိုးတွေမဖြစ်ရအောင် ကိုယ်တွေက ဘေးနားကနေစောင့်ရှောက်၊ ကာကွယ်ပေးနေရပါတယ်။ သားသမီးရှိတဲ့ မိဘတွေကလည်း ကိုယ့်ကလေးကို သူစိမ်းတွေနဲ့ လွှတ်မထားဖို့၊ သူစိမ်းနားမကပ်ဖို့၊ ဘယ်သွားသွားကိုယ်တိုင်လိုက်ပို့ပြီး စောင့်ရှောက်စေ ချင်တယ်။ ကိုယ့်မိဘလောက် ဘယ်အရာကမှ စိတ်မချရတော့ပါဘူး” လို့ ပြောပါတယ်။ ချစ်စနိုးဦးက နိုဝင်ဘာလ၂၇ရက်နေ့မှာကျင်းပတဲ့ သက်ငယ် မုဒိမ်းမှု ကာကွယ်ရေးဆွေးနွေးပွဲမှာလည်း ပါဝင်ခဲ့ပြီး သက်ငယ်မုဒိမ်းမှုကို ထိထိရောက်ရောက်အရေးယူပေးဖို့ Video Clip ကိုလည်း ရိုက်ကူးပေးထားကြောင်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here