ICC ဖမ်းဝရမ်းမထုတ်ရေးအတွက် ဗြိတိန်နှင့် ဂျာမနီထံမှ အစ္စရေး အကူအညီ တောင်းခံ

0
114

ဂါဇာကမ်းမြောင်စစ်ပွဲအတွင်း ချိုးဖောက်မှုများကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (ICC) က သူနှင့် အခြားအရာရှိများကို ဖမ်းဆီးရန် ၀ရမ်းထုတ်မည်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု စိုးရိမ်နေကြောင်း အစ္စရေးသတင်းဌာနတစ်ခုဖြစ်သည့် Channel 12 က ထုတ်ဖော်ပြောကြားခဲသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အရေးပေါ် ဆွေးနွေးပွဲတစ်ခုကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အစ္စရေး ဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်ခဲ့ပြီး နေတန်ယာဟုကိုယ်တိုင်အပါအဝင် လုံခြုံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများ၊ အစ္စရေးနိုင်ငံရှိ ထိပ်တန်းနိုင်ငံရေးနှင့် တရားရေးဆိုင်ရာ အထက်တန်းလွှာများ ယင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း Channel 12 သတင်းတွင် ဖော်ပြထားသည်။

ICC မှ ဖမ်းဝရမ်းထုတ်ခြင်းအား ဟန့်တားရန်အတွက် ဗြိတိန်နှင့် ဂျာမန်နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ကြားဝင်ကူညီပေးရန် တောင်းဆိုခဲ့ကြောင်း အဆိုပါရုပ်သံလိုင်းက အတည်ပြုခဲ့သည်။

အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေသည်ဟု နိုင်ငံအများအပြားက ထုတ်ပြန်သည့် ကြေညာချက်များအပြင် ဂါဇာကမ်းမြှောင်ရှိ အရပ်သားများကို ဆက်ဆံရာတွင် စတုတ္ထမြောက် ဂျနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်နေသည်ဟု နိုင်ငံတကာမှ စွပ်စွဲပြောဆိုနေမှုများကိုလည်း Channel 12 က ဖော်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here