မိုးမောက်မြို့နယ်အတွင်း လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှု့ကြောင့် ကလေးငယ်တစ်ဦး၊ အမျိုးသားနှစ်ဦး အသက်ဆုံးရှုံး

0
156

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အလင်းကောင်ရပ်ကွက်အတွင်း ယနေ့ ဧပြီ(၂၂)ရက် နံနက် (၁၀) နာ ရီဝန်းကျင်အချိန်၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အမျိုးသားနှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

ထိုပြင် အခြားအမျိုးသားသုံးဦးမှာလည်း ထိခိုက်ဒဏ်ရာပြင်းထန်းစွာရရှိခဲ့သဖြင့် ဗန်းမော်ပြည်သူဆေးရုံကြီးသို့ ပို့ ဆောင်ထားရကြောင်း ဆိုသည်။

“အားလုံးထိတာ (၆)ဦးမှာ သုံးဦးသေတယ်။ သုံးဦးဒဏ်ရာရတယ်။ အားလုံးဗန်းမော်ဆေးရုံကို ပို့ဆောင်ထားတယ်။ သေတဲ့ သုံးဦးအတွက်ကတော့ စစ်ဆေးမှုတွေလုပ်ပြီးရင် သဂြိုဟ်မယ်။ ပြင်းထန်ဒဏ်ရာရတဲ့ အမျိုးသားသုံးဦးမှာ တစ်ဦးက နည်းနည်းစိုးရိမ်ရတယ်”ဟု ၎င်းက ရှင်းပြသည်။

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်အတွင်း ပြီးခဲ့သည့် မတ်လအတွင်းကစတင်ကာ တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများအပြင် အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေခြင်း ဖြစ်သည်။

“မိုးမောက်မြို့တွင်းထဲမှာကို တိုက်ပွဲကဖြစ်နေတာ။ နှစ်ဘက်က အရမ်းနီးကပ်တယ်။ ဒါကို လက်နက်ကြီးတွေတစ်ဘက်နဲ့ တဖက်ပစ်နေတာတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ လက်နက်ကြီးထိမှန်မှုကြောင့် ‌ေ-သဆုံးသွားသူများမှာ အသက်(၁၄)နှစ်အရွယ် မကြည်ကြည်ဝင်းအပါအဝင်  ကို ကျော်ဇင်လတ်၊ ကိုစန်းဝါ တို့ဖြစ်ကြပြီး ၊ ပြင်းထန်ဒဏ် ရာရရှိသူများမှာ ကိုပန်းအောင် ၊ ကိုအောင်ကျော်လွင်  ၊ကိုသက်လွင်ဦး စသည့်သုံးဦးတို့ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော မတ်လ( ၂၁) ရက်တွင်လည်း မိုးမောက်မြို့နယ်၊ ဟင်္သာရွာတွင် စစ်ရှောင်ခို‌လှုံနေသူများနေအိမ်သို လက်နက် ကြီးကျည်ကျရောက်ခဲ့ပြီး ဒေသခံ စစ်ရှောင်အချို့ ထိခိုက် ‌ေ-သဆုံးမှုများလည်း ရှိခဲ့ပြီး၊ အလားတူ မတ်လ (၂၆) ရက်ည နေပိုင်းတွင်လည်း မိုးမောက်မြို့နယ်အတွင်း လက် နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့်အသက် (၆၀) အရွယ်အဖွားအိုတစ်ဦး ‌ေ-သဆုံးခဲ့ရသေးသည်။

ဓာတ်ပုံ- CJ


LEAVE A REPLY

Please enter your comment!
Please enter your name here