မန္တလေးတိုင်း ဒေသကြီးတွင် နွေရာသီ အဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်

0
106

မန္တလေးတိုင်း ဒေသကြီးတွင် ၂ဝ၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများကို ယနေ့ ဧပြီ  (၂၂)ရက်၊ မွန်း လွဲ (၃) နာရီက ချမ်းအေးသာစံမြိုနယ်၊ (၂၉) လမ်းနှင့် လမ်း (၃၀) ကြား၊ လမ်း (၇၀) နှင့် (၇၁) လမ်းကြားရှိ ဗထူးမိုးလုံ လေလုံ အားကစားခန်းမတွင် ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ရိုးရာလက်ဝှေ့၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ ကရာတေးဒို၊ ဝူရှုး၊ ပြေးခုန်ပစ်၊ ဂျူဒို၊ ကြက်တောင်၊ တင်းနစ်၊ စားပွဲတင် တင်းနစ်၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ကျွမ်းဘား၊ အေရိုးဗစ်၊ Fitness Dance စသည့် အားကစားနည်း အမျိုး ၂၀ မျိုး ပါဝင်ကြောင်း သိရသည်။

သင်တန်းသား၊ သင်တန်းသူ ၁၅၀၀ ဦးခန့်အား သတ်မှတ်အားကစားကွင်း၊ အားကစားခန်းမ၊ အားကစားရုံတို၌ ဧပြီ (၂၂)ရက်မှ မေ (၃၁) ရက် အထိ အားကစားဆိုင်ရာနည်းပြ ဆရာကြီးများ၊ လက်ရွေးစင် စေတနာရှင် နည်းပြဆရာများ၊ နည်းစနစ်မှူးများက အခမဲ့ စနစ်တကျ လေ့ကျင့် သင်ကြားပိုချပေးသွားမည် ဖြစ်သည်။

နွေရာသီအခြေခံ အားကစားသင်တန်းများကို မတ်လ (၁) ရက်မှ မတ်လ (၃၁) ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ အဆင့်မြင့်သင်တန်း ဆက်လက်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီဝင်များ၊အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊  သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က သင်တန်း အဖွင့်အမှာစကား ပြောကြားပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများမှ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှတ်ဆက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here