မြန်မာအမျိုးသမီး နေရှင်နယ်လိဂ်ပြိုင်ပွဲ နီးကပ်လာပြီဖြစ်ပြီး ပွဲစဉ်ဇယားများ စတင်ကြေညာ

0
1538

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြို င်ပွဲအား မေလ (၇)ရက်၌ စတင်ကျင်းပသွားမည်ဖြစ်ရာ ဧပြီ (၂၂)ရက်နေ့တွင် ပွဲစဉ်ဇယားများအား မြန်မာနေရှင်နယ်လိဂ်ကော်မတီက စတင်ထုတ်ပြန်ကြေညာခဲ့ပြီဖြစ် သည်။

Myanmar Women League 2024 ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ မေလ(၇)ရက်မှ နိုဝင်ဘာ(၈)ရက်အထိ ငါးလကြာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပွဲစဉ်ဇယားအရ ပွဲဦးထွက်တွင် မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီအသင်းနှင့် သစ္စာအားမာန်၊ ရှမ်းယူနိုက်တက်နှင့် ISPE အသင်းတို့ ထိပ်တိုက်တွေ့ဆုံသွားမည်ဖြစ်သ ည်။

သုံးကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေ(၇)ရက်နေ့မှ ဇွန်(၁၁)ရက်နေ့အတွင်း ပွဲစဉ် (၇)ပွဲ အားလ ည်းကောင်း၊ ဒုတိယ အကျော့အနေဖြင့် ဇူလိုင်(၁၇) ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲအားလည်းကောင်း၊ တ တိယအကျော့အား စက်တင်ဘာ(၆) ရက်မှ နိုဝင်ဘာ(၅)ရ က်အတွင်း ပွဲစဉ် (၇)ပွဲအားလည်းကောင်း အသီးသီး ယှဉ်ပြို င်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသ င်း စသည့် အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သ ည်။ 

ပြီးခဲ့သော Myanmar Women League 2023 လောလုံးရာသီတွင် မြဝတီအမျိုး သမီးဘောလုံးအသင်းက ချန်ပီယံဆုကိုဆွတ်ခူးထားသည်။

ယခုနစ် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုး သမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာ ဝတီယူနိုက်တက်အသင်း နှစ်သင်း ထပ်တိုးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here