မြဝတီ တိုက်ပွဲ တည်ငြိမ်သွားပြီဖြစ်သည့်အတွက် မဲဆောက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ ရာနှင့်ချီ နေရပ်ပြန်ကြ

0
142

ထိုင်း – မြန်မာ အမှတ်(၂) ချစ်ကြည်ရေးတံတားအနီးနှင့် မြဝတီမြို့ရပ်ကွက်အချို့တွင် တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် သောင်ရင်းမြစ် တစ်ဘက်ကမ်း မဲဆောက်ဘက်အခြမ်းသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည့် ဒေသခံပြည်သူအချို့ ဧပြီ (၂၁)ရက်ညပိုင်းမှ စတင်ကာ မြဝတီ မြို့သို့ ပြန်လာကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် စစ်‌​ဘေး​ရှောင်အ​ရေး ကူညီပေးနေသူများထံမှ သိရသည်။

မြဝတီမြို့တွင် တိုက်ပွဲ ပြင်းထန်ခဲ့စဉ်က သောင်ရင်းမြစ်ကို ကူးကာမဲဆောက်ရှိ စစ်ဘေးရှောင် စခန်းများတွင် သွားရောက်ခိုလှုံခဲ့သူများထဲမှ အချို့က နေရပ်ပြန်လိုသည့်အတွက် ထိုင်း စစ်တပ်နှင့် အာဏာပိုင်များက ပြန်လည် ပို့ဆောင်ပေးခဲ့ကြခြင်း ဖြစ်ကြောင်း မဲဆောက်မြို့ရှိ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် မြန်မာအသိုင်းအဝိုင်ထံက သိရသည်။

” ‌မြဝတီဒေသခံတွေ တစ်ဖွဲဖွဲပြန်လာကြပါပြီ။ ဒီနေ့လည်း မနက်ပိုင်းတည်းက ပြန်လာနေကြတာ ရာချီရှိတယ်လို့ ခန့် မှန်းပြောရမှာဘဲ။ တံတားနှစ်စင်းလုံးပိတ်ထားတော့ အောက်ဘက် နီးစပ်ရာဂိတ်တွေကနေ စက်လှေတွေနဲ့ ပြန်လာကြတာ။ တိုက်ပွဲသံကတော့ ငြိမ်သွားပြီ”ဟု မြဝတီမြို့ခံတစ်ဦးက ဆိုသည်။

ဧပြီလ (၂၀) ရက် နံနက်အစောပိုင်းက စတင်ကာ အမှတ်(၂) ချစ်ကြည်ရေးတံတားနှင့် မြဝတီမြို့ရပ်ကွက်အချို့တွင် မြန်မာ့တပ်မတော်နှင့် KNLA ၊ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူ (၃၀၀၀) ဝန်းကျင် မဲဆောက် ဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့အပြင် ကမ်းကူးခွင့်မရသည့် ဒေသခံပြည်သူ ထောင်နှင့်ချီမှာလည်း မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းနံဘေးတွင် ယာယီတဲများထိုးကာ စစ်ဘေးရှောင်နေကြရပြီး အချို့မှာလည်း မိမိတို့၏ နေအိမ်များသို့ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ (၂၁) ရက် နံနက်ပိုင်းမှ စတင်ကာ KNLA ၊ PD F ပူးပေါင်းအဖွဲ့များ ပြန်လည်ဆုတ်ခွာသွားသည့်အတွက် တို က်ပွဲ ဖြစ်ပွားခြင်း မရှိတော့သော်လည်း မြန်မာ့တပ်မတော်မှ လေကြောင်းပစ်ခတ်မှုအချို့ ရှိနေသေးကြောင်း ဒေသခံသ တင်းရင်းမြစ်အချို့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here