သန်လျင်တံတား သာကေတဘက်အဆင်းတွင် အငှားယာဉ်တစ်စီး လမ်းဘေးသစ်ပင်အား တိုက်မိကာ ယာဉ်မောင်းသူ ယာဉ်အတွင်း ညပ်နေရာ ကယ်ထုတ်ခဲ့ရ

0
118

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ သန်လျင်တံ တား၊ သာကေတဘက်အဆင်းတွင် အငှားယာဉ်တစ်စီး လ မ်းဘေးသစ်ပင်အား တိုက်မိ၍ ယာဉ်မောင်းမှာ ယာဉ်အတွ င်း ညပ်နေသည့်အတွက် ကယ်ထုတ်ခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဧပြီ (၂၂)ရက်၊ ည (၉)နာရီခွဲအချိန်ခန့်က သန်လျင်တံတား၊ သာကေတဘက်အဆင်းတွင် ယာဉ်တစ်စီးမှ လမ်းဘေး သ စ်ပင်အား တိုက်မိကာ လူညပ်နေကြောင်း ဒေသခံများအ ကြောင်းကြားချက်အရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ကူညီရန် ထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့နောက် ကားအတွင်း ညပ်နေသော အသက်(၃၀)ဝန်းကျင် ယာဉ်မောင်း အမျိုးသားအား မိတ်ဖက်ပရဟိတအသင်းများနှင့် ပူးပေါင်းကာ ကားအတွင်းမှ ထုတ်၍ ထိခိုက်ဒဏ်ရာများအား မြေပြင်ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရ ယာဉ်မောင်း အမျိုးသားအား ပြုံးပန်းဝေလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here