ဝန်းသိုဘက်မှ မန္တလေးမြို့သို့ လာရောက် ဆေးကုသသည့် အမျိုးသမီးကြီးတစ်ဦး အပူရှိန်ကြောင့် ရုတ်တရက် ဆီးချိုတက်ကာ အသက်ဆုံးရှုံးခဲ့ရ  

0
140

ဝန်းသိုဒေသဘက်မှ မန္တလေးမြို့သို့ လာရောက် ဆေးသကုသည့် အမျိုးသမီးကြီးတစ်ဦး အပူရှိန်ကြောင့် ရုတ်တရက် ဆီးချိုတက်ကာ အသက်ဆုံးရှုံးခဲ့ရမှု ယနေ့ ဧပြီ (၂၃)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မဏီစလ လူမှုကူညီရေးအ သင်းမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် (၈၅) E လ မ်း၊ (၃၃) လမ်းနှင့် (၃၄) လမ်းကြားတွင် ဝန်းသိုဒေသဘက်မှ လာရောက် ဆေးကုသသူ အသက် (၅၀) အရွယ် အမျိုးသ မီးတစ်ဦးမှာ အပူဒဏ်ကြောင့် ရုတ်တရက် ဆီးချိုတက်ကာ ကားပေါ်၌ပင် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသ ည်။

၎င်းအမျိုးသမီး၏ ရုပ်အလောင်းနှင့် ပတ်သက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း “မဏီစလ” လူမှုကူညီရေးအသင်း(မန္တလေး)မှ သိရသည်။

လက်ရှိ ရာသီဥတု ပူပြင်းမှုကြောင့် သတိလစ်၊ အသက်ရှုကြ ပ်၊ မူးလဲမှုများနှင့် လူ့အသက်ဆုံးရှုးမှုများလည်း ဖြစ်ပေါ်လျက်ရှိနေရသောကြောင့် အပူချိန်မြင့်တက်ချိန် နေ့လယ်‌ေန့ခင်း အပြင်ထွက်လျှင် သတိထားသွားလာကြရန် ကျန်း မာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲများမှ သတိပေးထားသည်။

ရန်ကုန်၊ မန္တလေးအပါဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ သက်ကြီးရွယ်အိုနှင့် က လေးငယ်များ၊ သွေးတိုး၊ ဆီးချို၊ နှလုံးကဲ့သို့ နာတာရှည် ရောဂါရှင်များအနေဖြင့် အပူဒဏ်ကို သတိထားရန်လိုအပ် ကြောင်း ကျန်းမာရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here