စစ်ကိုင်းတိုင်းအတွင်း ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိရေး အတွက် ဝန်ကြီးချုပ် ဦးမြတ်ကျော်ပြောကြား

0
136

ဧပြီလ (၂၂) ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသတည်ငြိမ်အေး ချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လု ပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်း အဝေး (၃/၂၀၂၄)တွင် ဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတွေရဲ့လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသတည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိဖို့ တာဝန်ရှိသူတွေအနေနဲ့ အလေးထားဆောင်ရွက်သွားကြဖို့လိုအပ်ပါတ ယ်။ ပြည်သူတွေ စားရေရိက္ခာဖူလုံရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို သတ်မှတ်စံချိန်စံညွှန်းများနဲ့အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြဖို့လည်း လိုအပ်ပါတယ်။ဒေသတည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုး တက်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမှာပါ”ဟုဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥ က္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တ က်ရောက်ကြသည်။

အစည်းအဝေးတွင်၂၀၂၄ ခုနှစ်၊ ဧပြီ (၂၂) ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ် ၄/၂၀၂၄ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်း ညွှန်မှာကြားချက်များကို ဝန်ကြီးချုပ်ကရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here