ရေတွင်းထဲ ပြုတ်ကျသည့်အမျိုးသားတစ်ဦးအရေးပေါ် ကူညီကယ်ဆယ်ခဲ့ရ

0
86

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ဖက်တန်းရပ်ရှိ အမျိုးသားတစ်ဦး ရေတွင်းထဲသို့ ပြုတ်ကျ၍ အရေးပေါ် ကူညီကယ်ဆယ်ခဲ့ရကြောင်း ဒေသခံများနှင့် မြန်မာနိုင်ငံ လူ မှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

ယနေ့ ဧပြီ (၂၃) ရက်၊ နံနက် (၁၀)နာရီခွဲအချိန်ခန့်က အမျိုး သားတစ်ဦး ရေတွင်းထဲသို့ ပြုတ်ကျကာ ဒဏ်ရာများရနေသဖြင့် အရေးပေါ် လာရောက် ကူညီပေးပါရန် အကြောင်း ကြားချက်အရ သွားရောက်ကူညီ ပေးခဲ့ကြောင်း သိရသည်။

“အမူးလွန်ပြီး ရေတွင်းထဲ ပြုတ်ကျတာ။ ကျွန်တော်တို့ ဒေသခံတွေနဲ့ ပရဟိတအသင်းက ခက်ခက်ခဲခဲပေါ့နော်၊ ရေတွင်းထဲက ကယ်ထုတ်ခဲ့ရတယ်။ အောက်စီဂျင်တွေ ဘာတွေပေးပြီး ဆေးရုံကို ပို့ပေးလိုက်ကြတယ်”ဟု ပြည်မြို့ ဒေသ ခံ တစ်ဦးက ပြောသည်။

ယင်းဖြစ်စဥ် အမူးလွန်၊ ခြေလက်ပေါက်ပြဲ အမျိုး သားလူ နာ တစ်ဦးအား မြေပြင်အရေးပေါ် လိုအပ်သည်များ ပြုစုကူညီပေး၍ ဆေးကုသမှုခံယူရန် ပြည်မြို့ ဆေးရုံကြီး အ ရေးပေါ်ဌာနသို့ ပရဟိတပါရမီမှ အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here