ကြို့ကုန်း (အနောက်) ရပ်ကွက် ဘုရင့်နောင်လမ်းတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားရာ မိနစ် (၄၀)ကျော်ကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရ

0
94

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း (အနော က်)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအသ င်းများမှ မိနစ် (၄၀)ကျော် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သ တင်းများအရ သိရသည်။

ဧပြီ (၂၂)ရက် ည (၈)နာရီ (၆)မိနစ် အချိန်ခန့်က ကြို့ကုန်း (အနောက်)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ကိုင်းတောမီး လောင်မှုဖြစ်ပွားကြောင်း သတင်းအရ အင်းစိန်မြို့နယ်မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တွဲလက်လူမှုကူညီရေးအဖွဲ့၊ မြတ်ကုသိုလ်ပရ ဟိတအသင်းမှ ရေသယ်ယာဉ်(၂)စီး၊ ရွှေရောင်သမိုင်းလူမှုကူ ညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ Super Myanmar လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ ကနောင်လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခြင်းကြောင့် ည (၈)နာရီ (၄၅)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၈)နာရီ (၄၉) မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here