ကော့ကရိတ်မြို့အား ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက် သည်ဆိုသည့် သတင်းမှာ သတင်းတု၊ သတင်းအမှားများသာဖြစ်ကြောင်း နစက တုန့်ပြန်

0
147

ပြီးခဲ့သည့် ဧပြီလ (၂၀) ရက်ကကော့ကရိတ်မြို့ကို တပ်မတော်က လေကြောင်းမှတဆင့် ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု သတင်းအမှားများ ဖြန့်ဝေနေမှုနှင့် ပတ်သက်၍ နစကဘက်က ငြင်းချက်ထုတ်လိုက်ပြီး သတင်းတုသတင်းမှားများသာဖြစ်ကြောင်း တုန့် ပြန်ထားသည်။

ကရင်ပြည်နယ်အတွင်း တပ်မတော်ဘက်မှ လက်လွှတ်ခဲ့ရသည့် တပ်မတော်စခန်းအချို့ကို ပြန်လည်ရရှိရေးအတွက် အောင်ဇေယျ အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်မြို့အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

ယင်းသို့ တိုက်ပွဲများ ပြင်ထန်လျက်ရှိရာမှ ကော့ကရိတ်မြို့ရှိ လက်လွှတ်ထားရသည့် နေရာများကို တပ်မတော်က ပြန်လည် ထိန်းချုပ်ထားနိုင်ပြီး KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ ဆုတ်ခွာသွားရပြီဖြစ်သည်။

ယင်းကဲ့သို့ ပြန်လည်ဆုတ်ခွာသွားရသည့် အခြေအနေနှင့် ပတ်သက်ကာ တပ်မတော်က လေကြောင်းမှ အလွန်အကျွံပစ်ခတ်တိုက်ခိုက်ခြင်း၊ ဓာတုအဆိပ်ဗုံးများဖြင့် ပစ်ခတ်ခြ င်းတို့ကြောင့် ဆုတ်ခွာပေးခဲ့ရသယောင် ပြောဆိုရေးသားမှုများကို လုပ်ဆောင်နေသည်ကိုလည်း တွေ့ရသည်။

ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများဖြန့်ဝေနေခြင်းမှာ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် တပ်မတော်အ ပေါ် အထင် အမြင် လွဲမှားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ပြည်သူများ၏ အသက်အိုးအိ မ်စည်း စိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နယ် မြေလုံခြုံ ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကိုလည်း ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here