လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လက်လုပ် သေနတ် (၄) လက် ဖမ်းဆီးရမိ

0
149

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟိုနားပန်ကျမ်းကျေးရွာမှ တောင်ယာတဲ တစ်ခုအတွင်းမှ မူးယစ်ဆေးဝါးများနှင့် လက်လုပ် သေနတ် (၄)လက် ဖမ်းဆီးရမိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသ ည်။

ဧပြီ (၂၁) ရက် နံနက် (၇)နာရီ (၄၅)မိနစ်အချိန်က ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ ဟိုနား ပန်ကျမ်းကျေးရွာနေ ရန်လူ၏ တောင်ယာတဲအား ဝင်ရော က်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ၎င်းနှင့် အတူ မပါးရီး (ခ) မရင်ကော့ အား တွေ့ရှိပြီး တဲအတွင်းမှ ဘိန်းဖြူ အလေးချိန် ဝ.၅၉ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈.၅ သိန်း)၊ စိတ် ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၁၅၀)၊ ဘိန်းစိမ်း အလေးချိန် ၃ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄ သိန်း)၊ လက် လုပ်သေနတ် (၄) လက် နှင့် မြန်မာငွေကျပ် ၇၈ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် ရန်လူ(၅၃)နှစ် နှင့် မပါးရီး(ခ)မရင်ကော့(၅၃)နှစ်တို့အား လားရှိုးမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here