ကွယ်လွန်သူအမိဝမ်းကြာတိုက် ထဲမှကလေးက်ု အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့

0
345

ရာဖက်ဖ်၊ဧပြီ ၂၂

ရာဖက်ဖ်မြို့အား အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၉ ဦးသေဆုံးရာ၌ ယင်းတို့ထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်းပါဝင်ခဲ့သည်။

သို့သော် အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီး၏ဝမ်းကြာတိုက်ထဲမှ ကလေးငယ်အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်းသိရပြီး အဆိုပါကလေးငယ်၏ ဖခင်၊မိခင်နှင် အစ်မတို့မှာမူ ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။

ကလေးငယ်အားလက်ရှိအချိန်၌ အရေးပေါ်ကုသဆောင်၌ထားထားရပြီး ၎င်း၏အခြေအနေမှာ ဖြည်းဖြည်းချင်းတိုးတက်လာကြောင်းလည်း ကလေးငယ်အားကုသပေးနေသည့်ဆရာဝန်ကပြောကြားခဲ့သည်။

“လက်ရှိအချိန်မှာတော့ ကလေးကို သုံးလေးပတ်လောက်ဆေးရုံမှာတင်ထားပြီး အနီးကပ်ဂရုစိုက်ကုသရဦးမှာပါ၊ပြီးတော့မှသာ ကလေးမှာ အဘိုးအဘွား ဒါမှမဟုတ် ဦးလေး၊အဒေါ်စသဖြင့် ဆွေမျိုးတစ်ယောက်ယောက်ကျန်မကျန် စုံစမ်းရဦးမှာဖြစ်ပါတယ်၊ကလေးငယ်အသက်ရှင်လို့ဝမ်းသာစရာကောင်းပေမဲ့ မိဘမဲ့ဖြစ်သွားရှာတာတော့စိတ်မကောင်းစရာပါ” ဟုလည်း ကလေးငယ်၏ဆရာဝန်ကဆိုသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here