ပြင်ဦးလွင်တွင် တူဖြစ်သူက အဒေါ်ဖြစ်သူသားအမိကို ဓားဖြင့် ခု-တ်သဖြင့် အသက်ဆုံးရှုံး

0
253

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၀)၊ ကားကြီးကွင်းနှင့် မီးခွက်စျေးအနီး၌ နေထိုင်သူ သား အမိနှစ်ဦးအား တူဖြစ်သူက ဓားဖြင့် ခု-တ်ခဲ့သည့်အတွက် အသက်ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်တစ်ခု ယနေ့ ဧပြီလ (၂၄) ရ က် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

‌ေ-သဆုံးသူ သားအမိနှစ်ဦးနှင့် တူဖြစ်သူတို့ စကားများရန် ဖြစ်ရာမှ ဓာတ်ဖြင့်ခုတ်ခဲ့ခြင်းဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရသ ည့် သားအမိနှစ်ဦးမှာ အသက် (၄၀)အရွယ်နှင့် အသက်(၆၀) အရွယ် အမျိုးသမီးနှစ်ဦးဖြစ်ကြောင်း သိရသည်။

” ကောင်လေးကတော့ သူဘာသာ အဖမ်းသွားခံတယ်လို့ကြားရတယ်။ ‌ေ-သဆုံးသူကို ပြင်ဦးလွင်ဆေးရုံရင်ခွဲရုံကိုပို့ထားပါပြီ။ ဒီနေ့ဘဲ သဂြိုဟ်ကြမှာပါ”ဟု ဖြစ်စဉ်အား ကူ ညီဆောင်ရွက်ပေးခဲ့သည့် ဒေသတွင်း ပရဟိတအသင်း တာ ဝန်ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ‌ေ-သဆုံးသူ နှစ်ဦးအား ပြင်ဦးလွင်ပြည်သူဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ ဆောင်ထားရှိပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here