ထိုင်း – မြန်မာနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပိတ်ထားဆဲဖုစ်သော်လည်း အရေးပေါ်လူနာတင်ယာဉ်များကို ဖြတ်သန်းခွင့်ပြု

0
181

ထိုင်းမြန်မာ နှစ်နိုင်ငံနယ်စပ်၊  မြဝတီ – မဲဆောက် ဆက်သွယ်ထားသော အမှတ် (၁)ချစ်ကြည်ရေးတံတားကို ယနေ့ ဧပြီ (၂၄)ရက် နံနက်ပိုင်းအချိန်အထိ ဖြတ်သန်းသွားလာခွင့် မပြုသေးကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။

ယင်းကဲ့သို့ ပိတ်ထားဆဲဖြစ်သော်လည်း မြဝတီမြို့မှ မဲဆော က်ဆေးရုံကြီးသို့ အရေးပေါ်ဆေးဝါးကုသရန် ပို့ဆောင်ပေးနေသည့် အရေးပေါ်ကားအချို့ကို  ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။

” တံတားက ပိတ်ထားတုန်းပဲ။ ထိုင်းဘက်က ဖွင့်ထားပေမယ့် မြန်မာဘက်က သံဇကာချပြီး ပိတ်ထားတယ်။ အဝင် အထွက်နဲ့ပတ်သက်လို့ မဲဆောက်ဘက်ကနေ လာချင်ရင်တော့ တံတားအောက်ဂိတ်တွေကနေ ကူးပြီးလာရတယ်။ တံတားကတော့ မဖွင့်ပေးသေးဘူး” ဟုဒေသခံတစ်ဦးက ပြောသ ည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမှတ်(၂)ချစ်ကြည်ရေးတံတားအနီးနှင့် မြဝတီမြို့ အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်း ထန်နေချိန် ဧပြီလ (၂၁) ရက် နံနက်ပိုင်းက စတင်ကာ အမှတ် (၁) တံတားအား မြန်မာဘက်ခြမ်းမှ ပိတ်ခဲ့ခြင်းဖြစ်သ ည်။

မြဝတီမြို့မှ မဲဆောက်မြို့သို့ တံတားမှ တရားဝင်ဖြတ်သန်းချင်သူများရှိနေပြီး တံတားပြန်လည်ဖွင့်မည့် အချိန်ကို စောင့်ဆိုင်းနေသူများလည်းရှိနေဟု ဒေသတွင်း သတင်းအရင်း အမြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here