ဘဏ္ဍာနှစ်အစ (၅) ရက်တာအတွင်း ပြည်ပသို့ စက်မှုကုန် ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၃၀ ကျော်ရရှိထား

0
190

ယခုဘဏ္ဍာနှစ်အစ ဧပြီလ (၁) ရက်မှ (၅) ရက်အထိ (၅) ရက်တာကာလအတွင်း ပြည်ပသို့ စက်မှုကုန် ချောတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၃၀ ဒဿမ ၅၀၆ သန်းရရှိထားကြောင်း  စီးပွားကူးသန်းဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။

အဆိုပါ ပို့ကုန်ရ‌ငွေ ပမာဏမှာ ပြီးခဲ့သည့်နှစ် ကာလတူ နှင့် နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၃၁) သန်းကျော်တိုးလာကြောင်း သိရသည်။

ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ စက်မှုကုန်ချောတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇၂ ဒဿမ ၄၃၄ သန်းနှင့် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ ကန်ဒေါ်လာ ၅၈ ဒဿမ ၀၇၂ သန်း ရရှိခဲ့ခြင်းဖြစ် သည်။

စက်မှုကုန်ချော တင်ပို့မှုတွင် ချုပ်ပြီး အထည်တင်ပို့မှု၊ သကြား၊ သဘာဝဓာတ်ငွေ့နှင့် အခြားစက်မှုကုန်ကြမ်းပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်ပသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွ က်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ် တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းတွေကို  တင်ပို့နေပြီး စက်မှုကုန်ချောတင်ပို့မှုမှ အများဆုံး ပို့ကုန်ဝင်ငွေ ရရှိထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန် (၁၀) မျိုးတွင် စက်မှုကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမနေရာတွင် ရှိနေပြီး အခြားစက်မှု ကုန်ချောပစ္စည်းများဖြစ်သည့် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့အစရှိသည့် ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here