ကမ္ဘာ့ရွှေဈေးအကျနှင့်အတူလိုက်ကျလာသည့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်း (၄၇) သိန်းအောက် ပြန်ရောက်လာ

0
258

စံချိန်တင်အပြိုင်မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွ င်းအခေါက်ရွှေဈေးနှုန်းမှာ သင်္ကြန်ကာလအပြီး ယခုရက်ပို င်းအတွင် အရှိန်အဟုန်ဖြင့် ပြန်လည်ကျဆင်း လာသည်ကို တွေ့ရသည်။

ဧပြီ (၂၁) ရက် ညနေပိုင်းအထိ  တစ်အောင်စ ဒေါ်လာ ၂၃၉၀ အထိဈေးပေါက်ခဲ့သည့် ကမ္ဘာ့ရွှေဈေးမှာ ရက်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် ဈေးကျလာခဲ့ရာ ယနေ့ ဧပြီလ (၂၄) ရက် နံနက်ပိုင်းတွင် ၂၃၂၀ စွန်းစွန်းသာရှိတော့ကြောင်းသိရသည်။

ယမန်နေ့ ဧပြီလ (၂၃) ရက်က တစ်အောင်စ ၂၃၀၈ ဒေါ်လာအထိ ဈေးကျခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် ၂၃၂၉ ဒေါ်တွင် ရပ်နေကြောင်း ရန်ကုန်ရွှေအသင်းက ဖော်ပြထားသည်။

အလားတူ ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၄၆၈၀၀၀၀ ကျပ်ဖြင့် ယနေ့ နံနက်ပိုင်း ဈေးဖွင့်အရောင်းအဝယ်ပြုလုပ်ကြောင်း သိရပြီး ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၃၉၉၉၉၀၀ ကျပ်ဖြစ်သည့်အတွက် သိန်း (၄၀) ကျပ်ပြည့်ရန် ရာဂဏန်းသာရှိတော့ခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်း ဈေးကွက်အဖွင့်ပေါက်‌ဈေးကို ကြည့်မည်ဆိုပါက (၂) ရက်အတွင်း (၁) သိန်းကျော် ခုန်ဆင်းသွားသည်ကို တွေ့ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ (၂၁) ရက် ညနေပိုင်း ဈေးကွက်ပိတ်ချိန်က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သား (၄၈) သိန်းကျပ် အထိ ဈေးမြင့်ခဲ့ရာမှ နောက်တစ်နေ့ နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန် ဧပြီလ (၂၂) နံနက် အဖွင့်ဈေးနှုန်းမှာ  ၄၇၈၀၀၀၀ ကျပ်သို့ ကျင်းလာခဲ့ခြင်း ဖြစ်သည်။

ထိုမှတဆင့် တဖြေးဖြေးထပ်မံကျဆင်းလာရာ ယနေ့ ဧပြီ (၂၄) ရက် နံနက်အဖွင့် ဈေးနှုန်းမှာ ၄၆၈၀၀၀၀ ကျပ်သို့ ရောက်ရှိခဲ့ပြီး (၄၇) သိန်း ကျပ်အောက်သို့ ထပ်မံကျဆင်းခဲ့ခြင်း ဖြစ်သည်။

ဧပြီလအစမှ စတင်ကာ တရိပ်ရိပ်တက်လာသည့် ပြည်တွင်းရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေးနှင့်အတူ အကျဘက်သို့ ဦးတည်နေသည့်အတွက် ထပ်မံကျဆင်းနိုင်သေးပြီး ရောင်းမှာဝ ယ်မှား မဖြစ်ကြရန် ဂရုစိုက်၍ အရောင်းအဝယ်ပြုလုပ်ကြရန် ကျွမ်းကျင်သူများက သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here