နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ဖို့နဲ့ ရေအားလျှပ်စစ်စီမံကိန်း ဖွင့်လှစ်ဖို့အတွက် အီရန်သမ္မတ သီရိလင်္ကာသို့ ရောက်ရှိ

0
242

         နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ဖို့ရာ အချိန်တိုခရီးစဉ်တစ်ခုအတွက် အီရန်သမ္မတ အီဘရာဟင် ရိုင်စီ ဗုဒ္ဓဟူးနေ့(ဧပြီ ၂၄) မှာ သီရိလင်္ကာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ခရီးစဉ်အတွင်း သူဟာ ဒေါ်လာ ၅၁၄ သန်းတန် ရေအားလျှပ်စစ်စီမံကိန်းကို ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

      သူ့ရဲ့ ခရီးစဉ်ဟာ ယခင်သမ္မတ မိုဟာမက် အမာဒီနီဂျက်ရဲ့ ၂၀၀၈ ခုနှစ် ဧပြီလခရီးစဉ်နောက်ပိုင်း အီရန်သမ္မတတစ်ဦးရဲ့ ပထမဆုံး သီရိလင်္ကာခရီးစဉ်ဖြစ်ပြီး နားလည်မှုစာချွန်လွှာ သို့မဟုတ် သဘောတူစာချုပ် ၅ ခုကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးသွားကြမှာဖြစ်ပါတယ်။

         အီရန်ဟာ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ဖို့ရာ ၂၀၁၀ ခုနှစ်မှာ သဘောတူခဲ့ပေမယ့် ယင်းနှစ်အနှောင်းပိုင်းမှာ အရှေ့အလယ်ပိုင်းနိုင်ငံအပေါ် အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မှုတွေကြောင့် ငွေကြေးလွှဲပြောင်းဖို့ အခက်အခဲဖြစ်ခဲ့ကာ ဒေါ်လာသန်း ၅၀ ထုတ်ပေးအပြီးမှာ ရန်ပုံငွေကုန်ခမ်းသွားခဲ့ပြီး ကျန်ငွေတွေကို သီရိလင်္ကာကစိုက်ထုတ်စေရမှုဖြစ်စေခဲ့ပါတယ်။

      ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ကျေးရွာသားတွေရဲ့ ကန့်ကွက်မှုတွေကြောင့်လည်း စီမံကိန်း ကြန့်ကြာခဲ့ရပါတယ်။

       အဆိုပါစီမံကိန်းဟာ နိုင်ငံတော်ဓါတ်အားလိုင်းသို့ ဓါတ်အား ၂၉၀ ဂီဂါဝပ်နာရီ ထပ်ပေါင်းပေးနိုင်မှာဖြစ်သလို လယ်မြေ ဧက ၁၅၀၀၀ အတွက် ရေပေးဝေနိုင်ပြီး ခရိုင်သုံးခုရှိ ထောင်နဲ့ချီသော မိသားစုများအတွက် သောက်သုံးရေ ရရှိစေမှာဖြစ်တယ်လို့ သီရိလင်္ကာသမ္မတရုံးရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

Ref: MSN


LEAVE A REPLY

Please enter your comment!
Please enter your name here