ထိုင်းမြေတွင် အသင်းအတွက် ချန်ပီယံဆုဖလား စွမ်းဆော င်ပေးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်

0
80

ထိုင်းလိဂ် -၂ ရာသီသိမ်း ပွဲစဉ်တွင် အသင်းအတွက် ချန်ပီ ယံဆုဖလား ရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး၊ အသင်း၏ ချန် ပီယံဆုဖလားအား မြန်မာ့လက်ရွေး စင်တိုက်စစ်မှူး အောင်ကောင်းမာန် ကိုင်မြှောက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်ကစားနေသည့် နာခွန်ရှီးမားအသင်းသည် ဧပြီ(၂၀)ရက်က ပြိုင်ဘက် နောင်ဘူရာအသင်းကို သုံးဂိုးပြတ်ဖြင့် သွင်းယူကာ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

တိုက်စစ်မှူး အောင်ကောင်းမာန်သည် ထိုင်းလိဂ်ပွဲများတွင် ကျော်ကိုကို၊ အောင်သူ၊ မောင်မောင်လွင်တို့ပြီးပါက အသ င်းအတွက် ချန်ပီယံဖြစ်လာခဲ့သည့် လေးယောက်မြောက် မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

၎င်းသည် ထိုင်းလိဂ်-၂ အသင်းဖြစ်သည့် နာခွန်ရှီးမားအသ င်းအား ထိုင်းလိဂ်-၁သို့တွန်းပို့ပေးနိုင်ခဲ့သည့် တိူက်စစ်မှူးတ စ်ဦးလည်းဖြစ်သည်။

အောင်ကောင်မာန်သည်အသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး၊ ဂိုးဖန်တီးပေးနိုင်မှု အများဆုံးစွမ်းဆောင်ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here