မန္တလေးမြို့တွင် အမျိုးသားတစ်ဦး စားသုံးဆီ တန်းစီနေစဉ် ကိုယ်အပူချိန် မြင့်တက်ကာမူးလဲသဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရ

0
314

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ (၃၃)လမ်း နှင့် (၈၅) လမ်းထောင့်တွင် စားသုံးဆီ တန်းစီနေသည့် အမျိုး သားတစ်ဦး ကိုယ်အပူချိန် မြင့်မားပြီး မူးလဲခဲ့သည့်အတွက်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း “မဏီစလ” လူမှုကူညီရေးအသင်း (မန္တလေး)မှ သိရသည်။

ယနေ့ ဧပြီ (၂၄)ရက်၊ နေ့လယ်ပိုင်းအချိန်က ချမ်းအေးသာဇံမြို့နယ် (၃၃) လမ်းနှင့် (၈၅) လမ်းထောင့်တွင် စားသုံးဆီတ န်းဆီနေစဉ် အမျိုးသားတစ်ဦး မူးလဲခဲ့ရာ အနီးနားရှိ ဒေသ ခံတစ်ဦးမှ အကူညီတောင်းခံသဖြင့် “မဏီစလ” လူမှုကူညီရေးအသင်း (မန္တလေး)မှ အရေးပေါ်ကားဖြင့် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

အဆိုပါ မူးလဲကျခဲ့သည့် အမျိုးသားကို မဏီစလ” လူမှုကူ ညီရေးအသင်း (မန္တလေး)မှ လူနာတင်ယာဉ်ဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး OPD သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ (၂၃)ရက် နံနက်ပိုင်းကလည်း ဝန်းသိုဒေသဘက်မှ မန္တလေးမြိုသို့ လာရောက် ဆေးသကုသည့် အမျိုး သမီးကြီး တစ်ဦး အပူရှိန်ကြောင့် ရုတ်တရက် ဆီးချိုတက်ကာ အသက်ဆုံးရှုံးခဲ့ရမှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

လက်ရှိ ရာသီဥတု ပူပြင်းမှုကြောင့် သတိလစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများနှင့် လူ့အသက်ဆုံးရှုးမှုများလည်း ဖြစ်ပေါ်လျက်ရှိနေရသောကြောင့် အပူချိန်မြင့်တက်ချိန် နေ့လယ်ခင်း အပြင်ထွက်လျှင် သတိထားသွားလာကြရန် ကျန်းမာ ရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲများမှ သတိပေးထားသည်။

ရန်ကုန်၊ မန္တလေးအပါဝင် တိုင်းနှင့် ပြည်နယ်အချိုတွင် နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ သက်ကြီးရွယ်အိုနှင့် က လေးငယ်များ၊ သွေးတိုး၊ ဆီးချို၊ နှလုံးကဲ့သို နာတာရှည် ရောဂါရှင်များအနေဖြင့် အပူဒဏ်ကို သတိထားရန်လိုအပ် ကြောင်း ကျန်းမာရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here