ကလီဖိုးနီးယား လည်း ရေဆိုးကိုပြန်လည်သန့်စင်အသုံးပြုေတာ့မည်

0
127

ဆန်ဟိုဆေး၊ဧပြီ ၂၄

မကြာခဏမိုးခေါင်ရေရှား တတ်သည့် ကလီဖိုးနီးယားပြည်နယ်၌ စွန့်ပစ်ရေဆိုးများကိုပြန်လည်သန့်စင်ကာ သောက်သုံးရေအဖြစ် အသုံးပြုမည့်အစီအစဉ်အားအတည်ပြုခဲ့ကြောင်းသိရသည်။

မကြာသေးမီနှစ်များအတွင်း၌ ပိုမိုပြင်းထန်လာသောမိုးခေါင်ရေရှားမှုများကြောင့် အမေရိက၏လူဦးရေအများဆုံးပြည်နယ်သည် ဥပါဒ်မဖြစ်သောသောက်သုံးရေအရင်းအမြစ်များရရှိရန် ခက်ခဲနေသဖြင့် ယခုအစီအစဉ်သည် ပိုမိုကျယ်ပြန့်သော ရေအရင်းအမြစ်များကို ထိန်းသိမ်းရေးကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်ကြောင်းဆိုသည်။

ယခုအစီအစဉ်အား စင်္ကာပူကဲ့သို့သော ရေဆိုးပြန်လည်သန့်စင်အသုံးပြုသည့်နိုင်ငံအားအတုယူကာ ရေဆိုးများအား ပြန်လည်အသုံးပြုနိုင်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

နည်းပညာဌာနတစ်ခုဖြစ်သည့် ဆီလီကွန်ဗဲလီးကလည်းမိလ္လာအညစ်အကြေးများကို သန့်ရှင်းသောသောက်သုံးရေအဖြစ်သို့ပြောင်းလဲပေးကာ သောက်သုံးရေစနစ်သို့ တိုက်ရိုက်ပိုက်သွယ်နိုင်စေမည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ ေရထောက်ပံ့ရေးတွင် သောက်သုံးရေဂါလန်သန်းပေါင်းများစွာကို ဖြည့်တင်းေပးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။

ကလီဖိုးနီးယားသည် အမေရိကန်ပြည်ထောင်စုတွင် ကော်လိုရာဒိုပြည်နယ်ပြီးနောက် ယခု ကဲ့သို့ ရေဆိုးသန့်စင်ရေးလုပ်ငန်းစဉ်ကိုအတည်ပြုသည့် ဒုတိယပြည်နယ်ဖြစ်လာပြီး စင်္ကာပူ၊ဩစတေးလျနှင့် တောင်အာဖရိကတို့နှင့်အတူ ရေဆိုးသန့်စင်လုပ်ငန်းလုပ်ကိုင်သည့်နေရာတစ်ခုလည်းဖြစ်လာခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here