(၂) နှစ်အထက် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် လယ်ယာမြေများကို  စိစစ်တွေ့ရှိပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူမည်

0
159

လယ်ယာမြေများကို နှစ်နှစ်အထက် စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိကြောင်း စိစစ်တွေ့ရှိပါက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူမည်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က ပြောကြားသည်။

ဧပြီ (၂၅) ရက်ကပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြန်လည်သိမ်းယူပြီး စိုက်ပျိုးလုပ်ကိုင်နိုင်သူများကို စိစစ်၍ ပြန်လည်ခွဲဝေကာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် လယ်ယာကုန်ထုတ် စွမ်းအားတိုးတက်လာနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့် ရရှိပြီး သူများအနေဖြင့်လည်း ခွင့်ပြုသည့် နေ့ရက်မှ ခြောက်လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း လုပ်ငန်းပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင်ဆောင် ရွက်နိုင်ခြင်းမရှိပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အနေဖြင့် လယ်ယာမြေဥပဒေ ပုဒ်မ ၃၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ကို ပြန် လည်ပယ်ဖျက်နိုင်ရေး ဆောင်ရွက်ခြင်းကိုလည်း ဗဟိုလယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here