ကိုရီးယားနိုင်ငံသို့ အလုပ်သမားများ အများဆုံးစေလွှတ်လျက် ရှိသည့် မြန်မာအပါအဝင်နိုင်ငံ များက အလုပ်သမားများအတွက် Hotline အကောင်အထည်ဖော်ရေး​ဆွေး​နွေး

0
123

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Grand Hyatt Hotel ၌ ဧပြီ (၂၄) ရက်က Korea Labor and Employment Service မှ ကျင်းပသည့် နိုင်ငံခြားသား အလုပ်သမားများအတွက် Hotline စနစ်အကောင်အထည်ဖော်ရေး ဆိုင်ရာ Kick-off Meeting သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Korea Labor and Employment Service (KLES) မှ နိုင်ငံခြားသားလုပ်သားများ၏ အရေးကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ ကူညီစောင့်ရှောက်နိုင်ရန် Hotline စန စ် အကောင်အထည်ဖော်ဆောင် ရွက်ရေး Kick-off Mee ting သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းအစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ KLES ၏ Secretary General and CEO ဖြစ်သူ Dr. Kim Dae Hwan က အဖွင့်အမှာစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ လုပ်သား စေလွှတ်လျက်ရှိသည့် (၁၆) နိုင်ငံအနက် တစ်နိုင်ငံ အပါအဝင်ဖြစ်ပါကြောင်း မြန်မာသံအမတ်ကြီးက အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။  

မြန်မာလုပ်သားများအနေဖြင့် ဘာသာစကားအခက်အခဲများ၊ လုပ်ငန်းခွင်အခက်အခဲများနှင့် အဓိက ကြုံတွေ့နေရပြီး အဆိုပါအခက်အခဲများနှင့်ပတ်သက်၍ မြန်မာသံရုံးအနေဖြင့် ကိုရီးယားအစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ယခု Hotline စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်းနှင့် KLES အနေဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ကူညီဆောင်ရွက်နေမှုများအပေါ် အထူးကျေးဇူး တင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများ အများဆုံးစေလွှတ်လျက် ရှိသည့် မြန်မာ နိုင်ငံအပါအဝင် နိုင်ငံ (၆)နိုင်ငံမှ အလုပ်သမားသံအရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here