၂၂နှစ်အတွင်း ထိုင်းသို့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပထမအကြိမ်​ရောက်

0
156

ဧပြီ ၂၅ ရက်​နေ့က ထိုင်းဘုရင်နှင့် မိဖုရားသည်   ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ဒူဆစ်နန်းတော်ရှိ အမ်ဖွန် ဆသာရုန် ခန်းမတွင် လက်ခံ​တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲအတွင်း နှုတ်ခွန်းဆက်စကားများအပြန်အလှန်​ပြောကြပြီး နှစ်နိုင်ငံကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။

ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ၏ ဖိတ်ကြားမှုအရရှိတ်ဟာဆီနာသည်ထိုင်းနိုင်ငံသို့ ဧပြီ ၂၄မှ၂၉ ထိ   တရားဝင် အလည်အပတ်ရောက်​နေခြင်းဖြစ်သည်။ 

၂၀၀၂ ခုနှစ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကထိုင်းသို့ ပထမဆုံး လာရောက်လည်ပတ်မှုလည်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်ရှိတ်ဟာဆီနာအား တရားဝင်ကြိုဆိုပွဲအခမ်းအနားကို ဝန်ကြီးချုပ်ဆရက်သာက ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်တွင် အစိုးရအိမ်တော်၌ ကျင်းပခဲ့သည်။

နှစ်နိုင်အ​နေဖြင့် သဘောတူညီချက် ၅ ရပ်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

Ref: khaosod

ဓာတ်ပုံ-Sompong Wanjapoh နှင့် VDO by Sumontha Boonkhum


LEAVE A REPLY

Please enter your comment!
Please enter your name here