စီးရီးခွေတိုင်းကို မျှော်လင့်ချက်နဲ့လုပ်ခဲ့တာမဟုတ်ပါဘူး ဝိုင်းစုခိုင်သိန်း

0
408

wine-su-1-copy

   မကြာသေးခင်က ထွက်ရှိထားတဲ့ တတိယတစ်ကိုယ် တော် ‘ဂါ’ စီးရီးခွေအတွက် ဗီစီဒီကို ဒီဇင်ဘာလထဲမှာ စတင် ရိုက်ကူးမယ်လို့ ဝိုင်းစုခိုင်သိန်းမှ ပြောပါတယ်။

“အခုလောလောဆယ်တော့ နယ်ရှိုးပွဲတွေ ဆက် တိုက်ဆိုနေရပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလထဲမှာတော့’ဂါ’ ရဲ့ ဗီစီဒီကို ရိုက်ကူး သွားမယ်။ ဆန်းသစ်တဲ့ ပုံစံ အမျိုးမျိုးနဲ့ တဖြည်းဖြည်းချင်း ရိုက်ကူးသွားမှာပါ။ ဒီ စီးရီးခွေကိုလည်း ပရိသတ်တွေ တအား အားပေးကြ လို့
အားရှိရပါတယ်။ ဝိုင်းစု စီးရီးခွေတိုင်းကိုတော့  မျှော်လင့်ချက်နဲ့လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားပြီးလုပ်ခဲ့ တာပါပဲ။ ဘာဖြစ်ရ မယ်၊ ဘာလုပ်ရမယ်ဆိုတဲ့ ဆန္ဒတော့မရှိဘူး။ စီးရီး ခွေတိုင်း ပရိသတ်အားပေးမှုတွေနဲ့ အောင်မြင်မှုရခဲ့တော့ ဝမ်းသာ ရပါတယ်။ နောက်ထွက်ရှိလာမယ့် ဗီစီဒီကိုလည်း ပရိသတ်တွေ နှစ်သက်သဘောကျမယ်လို့ မျှော်လင့်ပါ တယ်”လို့ ဆက်လက်ရိုက်ကူး သွားမယ့် ဗီစီဒီခွေနဲ့ ပတ် သက်ပြီး ပြောပြပါတယ်။

နောက်ပိုင်းမှာတော့ ခြားနားပြောင်းလဲတဲ့ ပုံစံ တစ်ခုအနေနဲ့ မီနီစီးရီးခွေလေး ဆက် လက်ထွက်ရှိသွားဖို့ စဉ်းစား ပြင်ဆင်နေကြောင်း ကိုလည်း ဝိုင်းစုခိုင်သိန်းက “နောက်ထပ် မီနီစီးရီးခွေလည်း ထပ်လုပ်ဖို့ စီစဉ်နေ တယ်။ နည်းနည်းလေး ပုံစံပြောင်းပြီးတော့ လုပ်မလား လို့တော့ စဉ်းစားနေတယ်။ လုပ်ဖြစ်၊ မလုပ် ဖြစ်ကတော့ မသေချာပေမယ့် လုပ်ဖြစ်ဖို့ဘက်က တော့ များပါတယ်။ လုပ်ဖြစ်မယ်ဆိုရင် လည်း ဝိုင်းစုနဲ့ လိုက် ဖက်မယ့် ပုံစံကို ဝိုင်းစုပြောင်းလဲချင်တဲ့ ပုံစံအတိုင်း ပြောင်းလဲပြီး ထုတ် ချင်တဲ့သဘောပါ။ ဒီအတွက် လေ့ လာထား တာတွေလည်း ရှိပါတယ်။ ဝိုင်းစုရဲ့ ပရိသတ်တွေအတွက် ဝိုင်းစု အမြဲ တမ်း အကောင်းဆုံးကြိုးစားနေပါတယ်။ အရင်တုန်းက လည်း အကောင်းဆုံးကြိုးစားတယ်။ အခု နောက်ပိုင်း မှာလည်း ပိုပြီးကြိုးစားသွား ဖို့ရှိပါတယ်။ ဝိုင်းစုဘက်မှာ အမြဲအားပေးတဲ့၊ ဝိုင်းစု အနားမှာ အမြဲတမ်းရှိနေတဲ့ ပရိသတ်တွေကို ဝိုင်းစုအမြဲချစ်ပါတယ်။ အဲဒီပရိသတ် တွေအတွက်လည်း ဝိုင်းစု အကောင်းဆုံး ကြိုးစားပေး သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here