မုံရွာမြို့တွင်  ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အထူးအစီအစဥ်ဖြင့် ဖြေဆိုသူ (၅) ဦးရှိ

0
106

မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာကျောင်းတွင်  ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အထူးအစီအစဥ်ဖြင့် စတင်ဖြေဆိုလျက်ရှိရာ (၅)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ အထူးအစီအစဉ်ဖြင့် ပြန်လည်ဖြေဆိုရန် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းမှ စာရင်းရှိ ကျောင်းသား/ကျောင်း သူ (၁၃)ဦး အနက် (၅)ဦး ဝင်ရောက်ဖြေဆိုနေခြင်းဖြစ်ပြီး STEAMS-1 ၊ STEAMS-2၊ STAMS-1 ဘာသာတွဲ(၃) တွဲကို ဧပြီလ (၂၉) ရက်မှ မေလ (၆)ရက်အထိ နေ့စဥ် နံနက် (၉) နာရီမှ မွန်းတည့်(၁၂)ရီအထိ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များရှိ အ ခြေခံပညာ အထက်တန်း ကျောင်းများတွင် ကျင်းပပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီး ဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဥ်တစ်ရပ်ဖြင့် စာမေးပွဲပြန်လည်ဖြေဆိုနေကြခြင်းဖြစ် သည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ပံ့ပိုးကူညီမှုနှင့် သတ်မှတ်ထားသည့် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာကျောင်းသို့စု စည်းခေါ်ယူ၍ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကိုဖြေဆိုနေခြင်းဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ကိုလည်း စီစဥ်ပေးထားကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here