ကွမ်တုံ၌ အဝေးပြေးလမ်းမပြိုကျ၊ ၂၄ ဦးထက်မနည်းသေဆုံး

0
434

ကွမ်တုံ၊မေ ၁

တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်၌ အဝေးပြေးလမ်းမပြိုကျမှုကြောင့် လူ ၂၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်အတွင်း ယာဉ်အစီးနှစ်ဆယ်ခန့်ပိတ်မိနေခဲ့ပြီး အဆိုပါယာဉ်များအပေါ်၌ ခရီးသည်စုစုပေါင်း ၅၄ ဦးပါဝင်သည်ဟုလည်းသိရသည်။

တာဝန်ရှိသူများ၏ကြေငြာချက်တွင်မူ အဆိုပါဖြစ်စဉ်အတွင်း ထိခိုက်ခဲ့သူ ၃၀ ဦး ကိုဆေးရုံတင်ထားပြီး ပြည်သူ့လုံခြုံရေး၊အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့နှင့် မီးသတ်၊ကျန်းမာရေးနှင့်သန့်ရှင်းရေးအဖွဲ့များဖြင့် စုစုပေါင်းအင်အား ၅၀၀ ခန့်အသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု သိရသည်။

လက်ရှိတွင်ဆေးရုံတင်ထားရသူများသည် အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်းပြောကြားထားသည်။ ထိခိုက်ဒဏ်ရာရရှိမှုအဆင့်ကိုမူ ထုတ်ပြန်ကြေငြာခြင်းမရှိပေ။

အဝေးပြေးလမ်းမကြီး ပြိုကျရခြင်း၏ အကြောင်းရင်းကိုမသိရသေးပေ။ အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။ ကွမ်တုံပြည်နယ် အာဏာပိုင်များကမူ လာမည့်ရက်များ၌ မိုးသည်းထန်စွာဆက်လက်ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံနိုင်ခြေနှင့် မြေပြိုမှုများဆက်လက်ဖြစ်ပေါ်နိုင်ကြောင်းလည်းသတိပေးချက်ထုတ်ပြန်ထားသည်။

Source : South China Morning Post


LEAVE A REPLY

Please enter your comment!
Please enter your name here