ဒေသန္တရနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်း (၁၁၀) ကျော်အတွက် ကျပ်(၅၄) ဘီလီယံသုံးမည် 

0
265

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ဒေသန္တ ရနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်း (၁၁၀)ကျော် ဖော်ဆောင်မည်ဖြစ်ကြောင်း ထန်းတပင်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုငွေနှင့် တိုင်းဒေသကြီး ခွင့်ပြုငွေ စုစုပေါင်း ငွေကျပ် (၅၄) ဘီလီယံကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

ထန်းတပင်မြို့နယ်အတွင်း တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀ ဒသမ ၇၁၉ ဘီလီယံဖြင့်  လုပ်ငန်း ၈၈ ခု နှင့် ပြည် ထောင်စုခွင့်ပြုငွေ ကျပ် ၄၃ ဒသမ ၅၄၉ ဘီလီယံဖြင့် လုပ် ငန်း ၂၅ ခု၊ စုစုပေါင်း လုပ်ငန်း ၁၁၃ ခုကို ငွေကျပ် ၅၄ ဒသ မ ၂၆၈ ဘီလီယံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းများကို ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ပြီး ဒေသန္တရ စီမံကိန်း ရည်မှန်း ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်း ရည်မှန်းချက်များကိုလည်း မြို့နယ်အတွင်း သက်ဆိုင်ရာဌာနအလိုက် လုပ်ဆောင်ရန် တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here