ကျိုက္ခမီတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပင့်ဆောင်ပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပမည်

0
126

မွန်ပြည်နယ် ၊ ကျိုက္ခမီမြို့တွင် မေ(၂၁)ရက်မှ စတင်၍ နှစ်ကျိပ်ရှစ်ဆူ ဘုရားပင့်ဆောင် ပူဇော်ပွဲနှင့် ကဆုန်ညောင်ရေ သွန်းပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား မေလ (၁၉)ရက်တွင် ကျိုက္ခမီရေလယ်ဘုရား ဂန္ဓကုဋီတိုက်မှ ပင့်ဆောင်၍ ယာယီစံ ကျောင်းများတည်ရှိရာ ရပ်ကွက်များအတွင်းရှိ စံကျောင်းများအတွင်းထားရှိကာ အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် မေလ(၂၁)ရက် ညနေပိုင်းတွင် ကျိုက္ခမီတစ်မြို့ နယ်လုံးအား ဒေသစာရီ လှည့်လည်အပူဇော်ခံ ကြွရောက်သွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီက အသိပေးထားသည်။

မေလ (၂၂) ရက်(ကဆုန်လပြည့်နေ့)၌ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား အခမ်းအနားဖြင့် ကျိုက္ခမီရေလယ်ဘုရားကုန်းတော်ပေါ်ရှိ ဂန္ဓကုဋီတိုက်သို့ပြန်လည်ပင့်ဆောင်သွားမည်ဖြ စ်ပြီး ကျိုက္ခမီ ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ မဟာဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းပွဲအား တစ်ဆက် တ ည်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျိုက္ခမီ နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ဆောင်ပူဇော်ပွဲနှင့် ကဆုန်ညောင် ရေသွန်းပွဲတော်တွင် ဇာတ်သဘင်နှင့် ပွဲခင်းများထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here