လူသားချင်းစာနာထောက်ထားမှုအစီအစဉ်မပါဘဲ ရာဖာချေမှုန်းရေးကို ကန် မပံ့ပိုးပေးနိုင်–ဘလင်ကန်

0
189

ဟက်ရှ်ဒေါထ်၊မေ ၂

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် အစ္စရေး၏ ရာဖာချေမှုန်းရေးအစီအစဉ်၌ ဂါဇာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ မတွေ့ရှိရသေးကြောင်းပြောကြားလျှက် ယင်းအကူအညီမပါဝင်ပါက အမေရိကအနေဖြင့် အစ္စရေး၏ ရာဖာချေမှုန်းရေးအစီအစဉ်ကို ပံ့ပိုးပေးမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အစ္စရေးဝန်ကြီးချုပ်တို့သည် ဂျေရုဆလင်၌ နှစ်နာရီခွဲကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေး၏အစီအစဉ်၌ အရပ်သားများကို မထိခိုက်စေမည့် အစီအစဉ်မျိုးမတွေ့ရှိရသေးကြောင်းပြောကြားခဲ့သည်။

အစ္စရေးအစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးကမူ ၎င်းတို့အနေဖြင့် ဟားမတ်စ်အဖွဲ့၏ ဖွဲ့စည်းပုံပျက်သည်အထိ ဆက်လက်ချေမှုန်းရန် အခိုင်အမာဆုံးဖြတ်ထားသည်ဟုလည်းပြောကြားခဲ့သည်။ အစ္စရေး – ဟားမတ်စ်အရေး၌ အမေရိကသည် အစ္စရေးအား သံတမန်ရေးရာအရထောက်ခံသူဖြစ်ပြီး လက်နက်ထောက်ပံ့ပေးသူတစ်ဦးလည်းဖြစ်သည်။

သို့သော် သမ္မတဘိုင်ဒင်ကမူ အစ္စရေးအနေဖြင့် ဂါဇာပြည်သူများအားထိခိုက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးများနှင့် အကူအညီပေးရေးလုပ်သားများ၏ဘေးကင်းမှုများအတွက် အစ္စရေးဘက်မှအာမခံချက်မပေးနိုင်ပါက အမေရိကန်၏ မူဝါဒပြောင်းလဲသွားနိုင်ကြောင်း ပြတ်ပြတ်သားသားသတိပေးခဲ့သည်။

Source:စီအင်န်အေ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here