ဘဝနတ္ထံ ပျံလွန်‌တော်မူသွားပြီဖြစ်သည့် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏ ဂုဏ်တော်မှန်းဆ၍ ဓမ္မဖြင့်ပူဇော်မည်

0
119

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးတော်တို့ကို မှန်းဆကာ ဓမ္မဖြင့် ပူဇော်မည့် အခမ်းအနားကို ယနေ့ မေလ (၃) ရက် ညမှစကာ မေလ (၆) ရက် ညအထိ (၄) ညတိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ မေလ (၃) ရက်ညတွင် ဗောဓိရိပ်ငြိမ်တောရ ဆရာတော်၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒာစရိယ (ဗုဒ္ဓေါရသ) ၊ မေလ (၄) ရက် ညတွင် မင်းကွန်းဆရာတော် ၊ တိပိဋကဓရ-တိပိဋကကောဝိဒ -ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝံသပါလာလင်္ကာရ ၊ မေလ(၅)ရက်ညတွင် မြင်းမူ(ရန်ကုန်) ဆရာတော် တိပိဋကဓရ-တိပိဋကကောဝိဒ ဘဒ္ဒန္တပညာသိရီလင်္ကာရနှင့် မေလ (၆) ရက်ညတွင် ရန်ကုန် နိကာယ်စာသင်တိုက် ဆရာတော် တိပိဋကဓရ တိပိဋကကောဝိဒ -ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ တို့မှ တရားရေအေးများ ဟော်ဖော်ညွှန်ပြသွားမည် ဖြစ်သည်။

တရားပွဲများ ကျင်းပမည့်နေရာမှာ နေပြည်တော် ရာဇဌာနီလမ်းရှိ လက်လုပ်တောင်တောရကျောင်းတိုက်တွင် ညစဉ် (၈) နာရီ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် ညစဉ် ည(၇) နာရီခွဲ၌ တရားနာကြွရောက်ကြမည့် ဒကာဒကာမများနှင့် ဗောဓိဟိတကာရီအဖွဲ့များမှ တရားထိုင်ခြင်းဖြင့်ပူဇော်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here