သာကေတမြို့နယ်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် (၃)လုံး ဆုံးရှုံး

0
65

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၂ / မြောက်ရပ် ကွက်၊ အနော်မာအရှေ့(၁၈)လမ်းရှိ နေအိမ် တစ်အိမ်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့သ ည့်အတွက် နေအိမ် (၃)လုံး ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ် ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ 

မေလ (၃) ရက်၊ နေ့လယ် (၂)နာရီ (၂)မိနစ်အချိန်က သာကေတမြို့နယ်၊၂ / မြောက်ရပ်ကွက်၊ အနော်မာအရှေ့(၁၈) လမ်း တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ လူမှုကူညီရေးအ သင်းများ သွားရောက်ကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

“ဖုန်းအားသွင်းထားတဲ့ မီးပလပ်ကနေပြီးတော့မှ မီးပြန်လာတဲ့ အချိန်မှာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းတာပါ။ ဖုန်းအားသွင်းတာတို့၊ ပါဝါဘန့် အားသွင်းတာတို့၊ ဘတ္ထရီတွေ မီးအိမ်တွေ အားသွင်းတာတို့ သတိထားကြဖို့ လိုပါတယ်”ဟု ဖြစ်စဉ်နေရာသို့ ရောက်ရှိနေသည့် လူမှုကူညီအသင်းက ဆို သည်။    

ထိုသို့ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ နေ့လယ် (၂)နာရီ (၁၂) မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် (၂)နာရီ (၂၂)မိနစ် အ ချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနှင့် မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here