ONE Championship ၏ One Friday Fight 61 တွင် မြန် မာဖိုက်တာအသစ် မင်းကျော်ဇ ပါဝင် ထိုးသ-တ်မည့်

0
238

ယနေ့ မေလ(၃)ရက် ည(၇)နာရီအချိန်တွင် ONE Champion ship က ကျင်းပပြုလုပ်မည့် One Friday Fight 61 ပွဲစဉ်တွ င် မြန်မာဖိုက်တာအသစ် မင်းကျော်ဇ က ဂျပန်ဖိုက်တာ ရိုဟီအီဂါဒိုနှင့် ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာဖိုက်တာ မင်းကျော်ဇသည် ONE Championship တွင် ပွဲဦးထွက် ဖိုက်တာအသစ်တစ်ဦးအဖြစ် ယှဉ်ပြိုင်ထိုးသ-တ်သွားမည့် ပွဲစဉ်ဖြစ်သည်။

ပြိုင်ပွဲအတွက် ယမန်နေ့ မေလ(၂)ရက်တွင် ကစားသမားနှစ်ဦးစလုံး ဆေးစစ်ဝိတ်ချိန်ပြီးစီးပြီဖြစ်ကာ၊ မင်းကျော်ဇသည်  တစ်ချိန်က မြန်မာ့ရိုးရာ ထိပ်တန်းလက်ဝှေ့ကျော် ရာဇာ၏ တူအရင်းတော် စပ်သူတစ်ဦးလည်းဖြစ်သည်။

” ကျွန်တော် ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ စိတ်လှုပ်ရှားနေတယ်ဆိုပေမယ့်လည်း ယုံကြည်မှု အပြည့်ပဲ။ ပ ရိတ်သတ်တွေအတွက်ရော ရိုးရာလက်ဝှေ့အတွက်ပါ အစွ မ်းကုန် ကြိုးစားသွားမှာပါ။ အားပေးကြပါဦးလို့ ပရိတ်သ တ်ကြီးကိုပြောချင်ပါတယ်”ဟု ဆိုသည်။

အဆိုပါ ပွဲစဉ်အတွက် ONE ဘက်မှ ရိုးရာဖိုက်တာ အဲမွီနှင့် စူပါရေ ချမ်းတို့အား ရွေးချယ်မည်ဟု ထင်ထားသော်လည်း ဖိုက်တာအသစ် မင်းကျော်ဇအား ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်အား One Championship ၏ facebook နှင့် youtube တို့မှတဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ် သ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here