၂ဝ၁၇ ခုနှစ်မှာ ရင်သွေးယူမယ့် ကိုဖြိုးဝေလှိုင်နဲ့ တင်ဇာမိုးဝင်း

0
314

tin-copy

ဇွန်လက မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့ ကိုဖြိုးဝေလှိုင်နဲ့ တင်ဇာမိုးဝင်းတို့က နှစ်ကိုယ်တူဘဝတစ်ခုကို တည် ဆောက်နေကြပြီဖြစ်ပါတယ်။ အိမ်ထောင်ရှင်မ တစ် ယောက်အနေနဲ့လည်း အိမ်ထောင့်တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်လျက်ရှိနေတဲ့ တင်ဇာမိုးဝင်းက သူချစ်တဲ့ ပရိသတ်တွေအတွက်လည်း အနုပညာ အလုပ်တွေကို မလစ်ဟင်းရလေအောင် လုပ်ဆောင်နေလျက် ရှိပါ တယ်။ အခုလို တင်ဇာမိုးဝင်း ရဲ့  အိမ်ထောင်ရှင်မLife ကို မေးမြန်းတဲ့အခါမှာတော့..

“အစ်မရဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ဘဝ ဆိုရင်တော့ တအားကြီးတော့ ပြောင်းလဲခြားနား သွား တာမျိုးတော့ မရှိပါဘူး။သူရော ကိုယ်ရောက ချစ်ပြီး တော့ ယူထားတယ်။ အဓိကကတော့ သူ့ရဲ့ နားလည် ပေးနိုင်မှုပေါ့။ သူ့ရဲ့နားလည်ပေးမှုကိုအမြဲတမ်း ကျေးဇူး တင်နေရတယ်။ အစ်မတို့ နှစ်ယောက်မှာက နည်းနည်း လေး စကားများတာလောက်တောင် မရှိဘူး။ နားလည် မှုကတော့ နှစ်ယောက် သား တော်တော်ရှိတယ်။ ဒါက တော့ နှစ်ယောက်သား အသက်ကြီးမှ အိမ်ထောင်ပြု လို့လည်း ပါမှာပေါ့။ အဲဒီအခါကျတော့ သူနဲ့ကိုယ်နဲ့က အတွေးအခေါ်လေးတွေကျတော့လည်း ညှိယူလို့ရတာ ပေါ့လေ။ ဖြစ်သင့်တာလေးတွေနဲ့ ဖြစ်နိုင်တာလေးတွေကို စဉ်းစားပြီး တော့ လုပ်ကြတာပေါ့။ အစ်မရဲ့ အိမ်ထောင် သည် ဘဝကလည်း အေးအေး ဆေးဆေးပါပဲ” လို့ ပြောပြပါတယ်။

 အိမ်ရဲ့ဆည်းလည်းလေးလို့ ခေါ် ဝေါ်ကြတဲ့ ရင်သွေးယူဖို့အတွက် ကို လည်း ကိုဖြိုးဝေလှိုင်နဲ့ တင်ဇာ မိုးဝင်းတို့က စဉ်းစားနေကြပြီဖြစ် ပါ တယ်။ ရင်သွေးလေးကိုတော့ ၂ဝ၁၇ ခုနှစ် ထဲမှာယူကြဖို့ စိတ်ကူးထား ကြပါတယ်။ “သားသမီးကတော့ရတဲ့ အချိန်ယူမှာပါ။ ရလာတဲ့ အချိန် မှာလည်း အစ်မက တော့ ကျေကျေ နပ်နပ်ကြီးယူမှာပါ။ ဘယ် အချိန်ဆိုတာမျိုးတော့ အစ်မ လည်း မပြောရဲဘူး။ လိုချင်တာ ကတော့  လာမယ့်နှစ်ကျရင်တော့ လိုချင်တယ်” လို့ ရင်သွေးယူဖို့ အစီစဉ်နဲ့ ပတ်သက်ပြီး တင်ဇာမိုး ဝင်းက ပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-တင်ဇာမိုးဝင်းဖေ့စ်ဘုတ်


LEAVE A REPLY

Please enter your comment!
Please enter your name here