Looking for something?

Explore the website

Looking for something?

Sunday, March 16, 2025

ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကိုကျော်လွှား၍ ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးနည်းလမ်းရှာဖွေဆောင်ရွက်ရန်...

ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကိုကျော်လွှား၍ ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးနည်းလမ်းရှာဖွေဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၅ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊...

သမ္မတပူတင်နှင့်ဆွေးနွေးမှု လွန်စွာအကျိုးရှိခဲ့–ထရမ့်ပ်

ဝါရှင်တန်၊မတ် ၁၄ အမေရိကန်သမ္မတထရမ့်ပ်က ၎င်း၏အစိုးရအနေဖြင့်ရုရှား သမ္မတပူတင်နှင့်ဆွေးနွေးခဲ့ရာ၌ များစွာအကျိုးဖြစ်ထွန်းခဲ့ပြီး နောက်ဆုံးတွင် ဆိုးရွားလှသည့် သွေ-းထွက်သံယိုစစ်ပွဲကို အဆုံးသတ်နိုင်တော့မည့်အခွင့်ကောင်းမျိုးလည်းရလာတော့မည်ဖြစ်ကြောင်းထရမ့်ပ်က ၎င်း၏လူမှုကွန်ရက်၌ပြောကြားခဲ့သည်။ “လက်ရှိအချိန်မှာ ယူကရိန်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ ရုရှားတပ်ရဲ့ဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရပြီး...

မတ်၊ ဧပြီနှင့် မေလများအတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍...

နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မတ် ၁၅ ရက်က နွေကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍...

အပစ်အခတ်ရပ်စဲရေးကိုလက်ခံရန် ပြင်သစ်သမ္မတကပူတင်ကိုတိုက်တွန်း

ပါရီ၊မတ် ၁၄ ယခု ရက်သတ္တပတ်အစောပိုင်းက ဆော်ဒီအာရေဗျ၌ အမေရိကနှင့်ယူကရိန်းတို့တွေ့ဆုံစဉ် ချမှတ်ခဲ့သည့် ရက် ၃၀ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကိုရုရှားဘက်ကလည်းလက်ခံပေးစေလိုကြောင်း ပြင်သစ်သမ္မတအမန်နူရယ်မက်ခရွန်က သမ္မတပူတင်ကို တိုက်တွန်းခဲ့သည်ဟုသိရသည်။ ပြင်သစ်သမ္မတကမူ ၎င်း၏လူမှုကွန်ရက်၌...
HomeInternationalဂျပ်စ်တင်ဘီဘာ၏ဇနီး ပထမဆုံးရင်သွေးကိုယ်ဝန်လွယ်ထားရဟုဆို

ဂျပ်စ်တင်ဘီဘာ၏ဇနီး ပထမဆုံးရင်သွေးကိုယ်ဝန်လွယ်ထားရဟုဆို

ကမ္ဘာကျော်တေးသံရှင် ဂျပ်စ်တင်ဘီဘာနှင့်၎င်း၏ဇနီး ဟေလီဘီဘာတို့သည် ပထမဆုံးရင်သွေးငယ်ကိုရရှိပြီဖြစ်ကြောင်း ၎င်းတို့၏ အင်စတာဂရမ်အကောင့်များမှတစ်ဆင့် ပရိသတ်များကိုအသိပေးပြောကြားခဲ့ကြောင်းသိရသည်။

ဟေလီ၏ပြောရေးဆိုခွင့်ရှိသူကမူ အသက် ၂၇ နှစ်အရွယ်ရှိဟေလီ၌ ကိုယ်ဝန်မှာခြောက်လကျော်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျပ်စ်တင်နှင့်ဟေလီတို့သည် ၎င်းတို့နှစ်ဦးနှင့်ပတ်သက်၍ ကောလာဟလ များထွက်ပေါ်လာသော ၂၀၁၈ ခုနှစ်တွင် လက်ထပ်မည့်သတင်းကို တရားဝင်ကြေငြာခဲ့ပြီး ဟေလီသည် ၎င်း၏မိသားစုနာမည် “Baldwin” အစား “ Bieber” သို့လည်းတရားဝင်ပြောင်းလဲခဲ့သည်။

ဂျက်စတင်ဘီဘာ၏ဇနီး ဟေလီဘီဘာသည် မော်ဒယ်လ်တစ်ဦးဖြစ်သည့်အပြင် Rhode အမည်ရှိ အလှကုန်ပစ္စည်းတံဆိပ်ကို ပိုင်ဆိုင်သူတစ်ဦးလည်းဖြစ်သည်။၎င်း၏ခင်ပွန်း ဂျပ်စ်တင်ဘီဘာကမူ ဆယ်ကျော်သက်အရွယ်ကတည်းက အောင်မြင်လာသည့်အဆိုေတာ်တစ်ဦးဖြစ်ကာ Sorry,Love Yourself နှင့် What Do You Mean အပါအဝင် ထိပ်တန်း သီချင်းရှစ်ပုဒ်ဖြင့် ဂရမ်မီဆုရထားသူတစ်ဦးလည်းဖြစ်သည်။

Source : အေပီ/အက်စ်အာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကိုကျော်လွှား၍ ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးနည်းလမ်းရှာဖွေဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကိုကျော်လွှား၍ ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးနည်းလမ်းရှာဖွေဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၅ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ Asia World Port Terminal - AWPT ဆိပ်ကမ်းတွင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍစွမ်းဆောင်နိုင်မှုနှင့် ကုန်သွယ်မှုဆိုင်ရာများကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ယခင်က မြန်မာနိုင်ငံမှဆိပ်ကမ်းသည် အရှေ့တောင်အာရှတွင် ပို့ကုန်များအဓိကတင်ပို့သည့် ဆိပ်ကမ်းတစ်ခုဖြစ်ခဲ့ပြီး ယခုအခါတွင် အကြောင်းအမျိုးမျိုးကြောင့် ပို့ကုန်များတင်ပို့မှုလျော့နည်းလျက်ရှိ၍ မိမိတို့အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကိုကျော်လွှား၍ ပို့ကုန်များပိုမိုတင်ပို့နိုင်ရန် နည်းလမ်းရှာဖွေဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့်...

သမ္မတပူတင်နှင့်ဆွေးနွေးမှု လွန်စွာအကျိုးရှိခဲ့–ထရမ့်ပ်

ဝါရှင်တန်၊မတ် ၁၄ အမေရိကန်သမ္မတထရမ့်ပ်က ၎င်း၏အစိုးရအနေဖြင့်ရုရှား သမ္မတပူတင်နှင့်ဆွေးနွေးခဲ့ရာ၌ များစွာအကျိုးဖြစ်ထွန်းခဲ့ပြီး နောက်ဆုံးတွင် ဆိုးရွားလှသည့် သွေ-းထွက်သံယိုစစ်ပွဲကို အဆုံးသတ်နိုင်တော့မည့်အခွင့်ကောင်းမျိုးလည်းရလာတော့မည်ဖြစ်ကြောင်းထရမ့်ပ်က ၎င်း၏လူမှုကွန်ရက်၌ပြောကြားခဲ့သည်။ “လက်ရှိအချိန်မှာ ယူကရိန်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ ရုရှားတပ်ရဲ့ဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရပြီး ဆိုးဆိုးရွားရွားအခြေအနေ၊ အကာအကွယ်မဲ့နေတဲ့ အခြေအနေမျိုးကိုရောက်နေတာပါ” ဟုလည်း ၎င်း၏ပို့စ်တွင်ထည့်သွင်းရေးသားထားသည်။ “ဒီတပ်ဖွဲ့ဝင်တွေကို အသက်ချမ်းသာပေးဖို့ သမ္မတပူတင်ကို ကျွန်တော်အလေးအနက်မေတ္တာရပ်ခံတောင်းဆိုထားပါတယ်” ဟုလည်း၎င်းကဆိုခဲ့သည်။ ယူကရိန်းတပ်များသည် ၂၀၂၄ ခုနှစ်၊ဩဂုတ်လက ရုရှားနိုင်ငံရှိ ကာ့စ်ဒေသကို ထိုးစစ်ဆင်ခဲ့ပြီး စတုရန်းကီလိုမီတာ ၁,၃၀၀ ခန့်ကိုသိမ်းပိုက်ထားနိုင်ခဲ့သော်လည်း ယခုလတ်တလောကာလအတွင်း ရုရှားတပ်များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် အခြေအနေဆိုးရွားလာသည်ဟုလည်းသိရသည်။ ရုရှားသမ္မတဗလာဒီမာပူတင်အနေဖြင့်လည်း ယူကရိန်း - ရုရှားအရေး၌ အမေရိကန်သမ္မတထရမ့်ပ်၏ ရပ်တည်ချက်ကို...

မတ်၊ ဧပြီနှင့် မေလများအတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မတ် ၁၅ ရက်က နွေကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၂/၂၀၂၅)ဖြင့် သတိပေးခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း နေ့အပူချိန်များတဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက သတိပေးခဲ့သည်။ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် တစ်နာရီလျှင် မြေပြင်/ရေပြင်လေ မိုင် ၄၀ မှ မိုင် ၅၀ အထိ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071