တောင်ကိုရီးယားဆရာဝန်များသပိတ်မလှန်၍ ပြည်ပဆရာဝန်များကိုတာဝန်ထမ်းဆောင်‌စေမည်

0
139

ဆိုးလ်၊မေ ၁၀

ဆရာဝန်များ၏ လချီကြာသည့် သပိတ်မှောက်မှုသည် ေပြလည်မည့် ပုံ မပေါ်သောကြောင့် တောင်ကိုရီးယား၌ နိုင်ငံခြားဆရာဝန်အားကို တင်းကြပ်စွာ စိစစ်ပြီးအလုပ်လုပ်ခွင့်ပြုမည်ဟု ဝန်ကြီးချုပ်ကမေလ ၁၀ ရက်တွင်ပြောကြားခဲ့သည်။

ဆေးကျောင်းသားများကို အရေအတွက်ထပ်တိုးလက်ခံမည့် အစိုးရ၏အစီအစဉ်ကို ကန့်ကွက်သည့်အနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက်မှ စ၍ တောင်ကိုရီးယားဆရာဝန်များ သည်ထောင်နှင့်ချီကာအလုပ်မလုပ်တော့ဘဲဆန္ဒထုတ်ဖော်ေနခဲ့ကြသဖြင့် ဆေးရုံများတွင်လည်း ကမောက်ကမဖြစ်ခဲ့ရသည်။

ကျန်းမာရေးဝန်ဆောင်မှုများပြတ်တောက်မှုကိုလျော့ပါးစေရန်အတွက် နိုင်ငံခြားဆေးကုသခွင့်လိုင်စင်ရရှိထားသည့် ဆရာဝန်များကို နိုင်ငံတွင်း၌ ဆေးကုသခွင့်ပြုမည်ဟုလည်း အစိုးရက ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားဝန်ကြီးချုပ်ကမူ ပြည်ပဆေးကုသခွင့်လိုင်စင်နှင့်ဆရာဝန်များကို ပြည်တွင်း၌ဆေးကုသခွင့်ပြုမည်မှာ မှန်သော်လည်း အရည်အချင်းမပြည့်မီပဲ ကုသမှု မျိုးမဖြစ်လာစေရန် တင်းကြပ်စွာစိစစ်သွားမည်ဖြစ်ကြောင်းကို အာမခံခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here