ဂါဇာတောင်ပိုင်း ရာဖာမြို့ကို အစ္စရေးစစ်တပ်က တိုက်ခိုက်

0
178

ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေးတပ်များက အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။

Al Jazeera သတင်းဌာန၏အဆိုအရ ဂါဇန်မြို့၏ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင်လည်း တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ထို့အပြင် အီဂျစ်နယ်စပ်အနီးရှိ ရာဖာမြို့ အရှေ့မြောက်ပိုင်းရှိ ရပ်ကွက်များကိုလည်း တိုက်ခိုက်ခံရကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ထိုအတောအတွင်း အစ္စရေးလေတပ်သည် တောင်ပိုင်းမြို့ဖြစ်သည့် Khan Younis ကိုလည်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု လက်ဘနွန်မှ Al Mayadeen ရုပ်မြင်သံကြားကလည်း ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ရှိ ရာဖာမြို့သို့ အစ္စရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပါက အစ္စရေးအား လက်နက်အချို့ ပေးအပ်ခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က CNN သတင်းဌာန သို့ မကြာသေးမီက ပြောကြားခဲ့သည်။

“သူတို့ ရာဖာ ကိုသွားတိုက်ကြရင်၊ သူတို့ ရာဖာထဲကိုဝင်ရင် လက်နက်တွေ ပေးမှာမဟုတ်ဘူးလို့ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားပါတယ်” ဟု ဘိုင်ဒင်ကဆိုသည်။

သို့ရာတွင် ကာကွယ်ရေးလက်နက်အချို့ ထောက်ပံ့မှုများမှာမူ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင် ကလည်း ရာဖာမြို့အနီးတဝိုက် အခြေအနေနှင့် ပတ်သက်၍ အစ္စရေးသို့ပေးပို့မည့် ကာလတို စစ်ရေးအကူအညီအချို့ကို ပြန်လည်သုံးသပ်နေကြောင်း အစောပိုင်းကပင်ပြောကြားခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here