အာဖဂန်မြောက်ပိုင်း၌ ရေကြီး၊ လူအယောက် ၃၀၀ ထက်မနည်း‌ေ-သဆုံး

0
122
A donkey stands amid debris next to damaged houses along a mud covered road following a flash flood after a heavy rainfall in Sheikh Jalal village of Baghlan-i-Markazi district in Baghlan province on May 11, 2024. - At least 62 people, mainly women and children, were killed on May 10 in flash flooding that ripped through Afghanistan's Baghlan province, in the north of the country, a local official told AFP. (Photo by AFP)

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံသဖြင့် လူပေါင်း ၃၀၀ ထက်မနည်း‌ေ-သဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရကာ အိမ်ခြေထောင်ချီ၍ ပျက်စီးခဲ့သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်( WFP ) ၏ သတင်း ထုတ်ပြန်ချက်အရသိရသည်။

WFP ကထုတ်ပြန်သည့် သတင်း၌ ‌ေ-သဆုံးသူပမာဏသည် မေလ ၁၁ ရက်အစောပိုင်းက တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည့် ပမာဏထက်လျော့နည်းနေသည်။ အဆိုပါပုဂ္ဂိုလ်ကမူ ‌ေ-သဆုံးသူ သည် ၁၅၃ ဦးသာရှိသေးသည်ဟုပြောကြားခဲ့သည်။

တာလီဘန်အစိုးရ ပြောရေး ဆိုခွင့်ရှိသူကမူ ရေဘေးသင့်ဒေသများမှ ‌ေ-သဆုံးသူများအတွက် အလွန်စိတ်ထိခိုက်ရကြောင်းပြောကြားခဲ့ကာ ရေဘေးကြောင့် ထိခိုက်ပျက်စီးမှုများ နှင့် ဘဏ္ဍာ ငွေကြေး ဆုံးရှုံးမှုများလည်းရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

ရေဘေးသင့်ဒေသရှိပြည်သူများကို လေတပ်က ကယ်ဆယ်ကာ နေရာရွှေ့ပြောင်းပေးနေပြီး ထိခိုက်ဒဏ်ရာရထားသူများကိုလည်း စစ်ဆေးရုံသို့ပို့ဆောင်ကုသပေးနေကြောင်းပါ ၎င်းက ပြောသည်။

Source : အာရ်အက်ဖ်အီး


LEAVE A REPLY

Please enter your comment!
Please enter your name here