ဖိလစ်ပိုင်မှာ အမေရိကန်က တိုင်ဖွန်းလက်နက်စနစ် တပ်ဖြန့်ချထားမှုအတွက် တရုတ်ကစိုးရိမ်နေ

0
448

တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေဖြစ်ပေါ်နေစဉ် အမေရိကန်က ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းလက်နက်စနစ် တပ်ဖြန့်ချထားလိုက်တဲ့အပေါ် အထူးစိုးရိမ်ပူပန်ကြောင်း ပေကျင်းက ထုတ်ဖော်ပြောဆိုပါတယ်။

တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့ ယင်းလက်နက်စနစ်ဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအပေါ် ဆိုးဝါးတဲ့ခြိမ်းခြောက်မှုဖြစ်တယ်လို့ တရုတ်က အာဆီယံအရာရှိတွေကို ပြောဆိုခဲ့ပါတယ်။ အငြင်းပွားရေပြင်မှာ တရုတ်နဲ့ ထိပ်တိုက်တွေ့မှုတွေ အကြိမ်ကြိမ်ဖြစ်ပေါ်နေတဲ့ ဖိလစ်ပိုင်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်က တိုင်ဖွန်းလက်နက်စနစ်ကို တပ်ဖြန့်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်က တိုမာဟော့ခ်ဒုံးကျည်တွေနဲ့ SM-6 လေယာဉ်ပစ်ဒုံးကျည်တွေကို ထောက်ပံ့ပေးနိုင်သော တိုင်ဖွန်းလက်နက်စနစ်ကို ယာယီတပ်ဖြန့်ချထားလိုက်တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ ဒီလိုလက်နက်စနစ်မျိုး တပ်စွဲချထားမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အချိန်ဘယ်လောက်ကြာကြာအထိ ချထားမှာလဲဆိုတာကို အမေရိကန်က ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အငြင်းပွား တောင်တရုတ်ပင်လယ်ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ အန္တရာယ်များတဲ့ ထိပ်တိုက်တွေ့မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီး ယင်းဖြစ်စဉ်များအတွင်း ဖိလစ်ပိုင်သင်္ဘောတွေဟာ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ရေအမြောက်နဲ့ ပစ်မှတ်ထား တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

Ref:ဆောက်ချိုင်းနား မောနင်းပို့စ်၊ Lowyat.net


LEAVE A REPLY

Please enter your comment!
Please enter your name here