အင်ဒိုနီးရှားမှာ ကျောင်းဘတ်စ်ကားမတော်တဆမှုဖြစ်ရာ လူ ၁၁ ဦး ‌ေ-သဆုံးကာ ဒါဇင်ချီ ဒဏ်ရာရ

0
449
Officers check the damaged bus after a crash that killed 11 people, according to local police, in Subang, West Java, on May 11, 2024. (Photo by Timur MATAHARI / AFP)

အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးကျွန်းပေါ်မှာ ပညာရေးခရီးထွက်လာတဲ့ အထက်တန်းကျောင်းသားတွေပါဝင်သော ဘတ်စ်ကားတစ်စီး ယာဉ်မတော်တဆမှုဖြစ်ခဲ့တာကြောင့် လူ ၁၁ ဦးထက်မနည်း ‌ေ-သဆုံးကာ ဒါဇင်ချီဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့(မေ ၁၂) မှာ ပြောဆိုပါတယ်။

ကျောင်းသားနဲ့ ဆရာ ၆၀ ကျော်တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ဂျာဗားကျွန်း ဒီပေါ့ခ်မြိုကနေ နာမည်ကျော် ခရီးသွားမြို့ လမ်ဘန်သို့ မောင်းနှင်နေစဉ် ဒေသစံတော်ချိန် စနေနေ့ ည ၆း၄၈ နာရီမှာ မတော်တဆမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ကျောင်းကားဟာ ရုတ်တရက် အရှိန်မထိန်းနိုင်ဖြစ်ပြီး ဘယ်ဘက်ကို တိမ်းစောင်းသွားခဲ့ပြီးနောက် ကားတစ်စီးနဲ့ ဆိုင်ကယ် သုံးစီးကို ဝင်တိုက်မိခဲ့တယ်လို့ အနောက်ဂျာဗားပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျူလက်စ် အေဘရာဟမ် အဘတ်စ်က တနင်္ဂနွေနေ့မှာ AFP ကို ပြောဆိုခဲ့ပါတယ်။

‌ေ-သဆုံးခဲ့တဲ့ ခရီးသည်တွေထဲမှာ ၉ ဦးက ကျောင်းသားတွေဖြစ်ပြီး တစ်ဦးက ဆရာဖြစ်ကြောင်းနဲ့ ဖြစ်စဉ်မှာ ဆိုင်ကယ်သမားတစ်ဦးလည်း ‌ေ-သဆုံးခဲ့ကြောင်း အဘတ်စ်က ပြောဆိုပါတယ်။ ဒါ့အပြင် ဒဏ်ရာပြင်းထန်သူ ၁၃ ဦးရှိပြီး အသေးစားဒဏ်ရာရသူကတော့ ၄၀ ခန့်ရှိခဲ့တယ်လို့လည်း ၎င်းက ပြောဆိုခဲ့ပါတယ်။

ဘတ်စ်ကားဟာ ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်ခဲ့ဖွယ်ရှိတယ်လို့ ဒေသဆိုင်ရာ ယာဉ်ထိန်းရဲချုပ်က ပြောဆိုပေမယ့် အဘတ်စ်ကတော့ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here