ခါကိဗ်မှနေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့ဟုရုရှားဆို

0
256
Ukrainian volunteers assit residents of settlements in the north of the Kharkiv region during their evacuation on May 10, 2024, amid the Russian invassion in Ukraine. (Photo by SERGEY BOBOK / AFP)

ယူကရိန်း၊မေ ၁၂

ရုရှားက ခါကိဗ်ဒေသအား ရုတ်တရက်မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်ပြီးနောက် အဆိုပါဒေသရှိ ရွာငါးရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ယူကရိန်းသမ္မတကမူ ၎င်း၏မဟာမိတ်များကိုလက်နက်ပိုမိုထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်ဟုသိရသည်။

အဆိုပါဒေသသည် လွန်ခဲ့သည့်နှစ်နှစ်ကတည်းက ယူကရိန်းထိန်းချုပ်မှုအောက်၌ရှိနေခြင်းဖြစ်ပြီး ယခုရုရှားတိုက်ခိုက်နိုင်မှုသည် အနည်းငယ်သာ ရှေ့တိုးလာခြင်းဖြစ်ပြီး လေကြောင်းအကူအညီကိုပါသုံးခဲ့သည်ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် လက်ရှိအချိန်၌ ရုရှား၏ထိုးစစ်ကို တန်ပြန်တိုက်ခိုက်နေလျက်ရှိပြီး ရုရှား၏ စစ်ဆင်ရေးကိုလိုက်လံဟန့်တားရန်မှာ ယူကရိန်းတပ်ဖွဲ့များ၏ တာဝန်ဖြစ်လာသည်ဟုဆိုသည်။

လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် အဆိုပါဒေသမှဒေသခံပေါင်း ၁,၇၇၅ ဦး ကို ဘေးကင်းရာရွှေ့ပြောင်းခဲ့ရကာ နှစ်ဦး‌ေ-သဆုံးခဲ့ကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here